ရန်ကုန် ၁၈ သြဂုတ်
ထိုင်းနိုင်ငံ ပတ္တရားမြို့၌ သြဂုတ်၂၀ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့ရိုးရာ နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ (World Dragon Boat Racing Champion ship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ရိုးရာလှေလှော်ကစားသမားအဖွဲ့နှင့် (၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လှေလှော်အဖွဲ့ချုပ် ညီလာခံတက်ရောက်ရန် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အဖွဲ့ချုပ်မှအမှုဆောင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
မြန်မာလှေလှော် အားကစာအဖွဲ့တွင် အဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် နည်းပြများနှင့် အားကစားသမားများ စုစုပေါင်း ၅၃ ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းသည် အလွတ်တန်း၌ ၁၀ တက်၊ တက်၂၀ နှင့် ယူ-၂၄ တွင် မီတာ၂၀ဝ၀၊ ၅၀ဝ ၊၂၀ဝ စုစုပေါင်းပြိုင်ပွဲ အမျိုးအစား ၁၈ ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲ၌ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်တွင် အင်္ဂလန်၊ ဂျာမနီ၊ ဗြိတိန်၊ ယူကရိန်း နှင့် အရှေ့တောင် အာရှနိုင်ငံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ - အာကာစိုး