skip to content

မြစ်ကြီးနား ဒီဇင်ဘာ ၂၂

ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲနှင့် အားကစားပြိုင်ပွဲများကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာ ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းဝင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တွင် မြန်မာ့ရိုးရာ လက်ဝှေ့ အလံလုပွဲများ၊ အားကစားပြိုင်ပွဲ များနှင့် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အဖြစ် ဟွန်ဒါဖစ်မော်တော်ကား၊ 125 မော်တော် ဆိုင်ကယ် နှင့် အခြားဆုမဲ များကိုလည်း ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ပြီး အဆိုပါပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ(၂၆) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်နှစ်သစ်ကူး ဖြစ်မြောက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးချစ်(ခ) မန်းမျိုးမြင့်ဆွေ ထံမှ သိရသည်။

စိန်ဝင်း (ပြန်/ဆက်)

 


back to top Eng