skip to content

ရန်ကုန် ၆ ဖေဖေါ်ဝါရီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ကရာတေးနည်းပြသင်တန်း (Coach Accreditation)နှင့် မျိုးဆက်သစ်နှင့်အဆင့်တိုး ဒိုင်သင်တန်း(Referee Upgrading) သင်တန်းများကို ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်ရှိ ကရာတေးလေ့ကျင့်ရေးခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်းကျင်းပမည့် ကရာတေးပြိုင်ပွဲများတွင် နည်းပြနှင့်ဒိုင်များအဖြစ် တာဝန်ထမ်းဆောင်မည့်သူများသည် MKF 2nd DAN Level ကို တက်ရောက်ဖြေဆို အောင်မြင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကလပ်အသင်းများအသီးသီးမှ သင်တန်းတက်ရောက်မည့်သူများသည် ဖေဖော်ဝါရီ ၁၅ ရက်အထိ စာရင်းပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကရာတေးနည်းပြနှင့်ဒိုင်သင်တန်းများကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ အောင်ဆန်းအားကစားပြိုင်ဝင်း မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် လေ့ကျင့်ရေးခန်မ၌ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဇူလိုင်လတွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲတွင် နည်းပြနှင့်ဒိုင်များအဖြစ် တာဝန်ထမ်းဆောင်မည့် နည်းပြ၊ ဒိုင်တစ်ဦးစီကို အဖွဲ့ချုပ်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဖုန်း ဝ၁-၃၇၉၉၃၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


back to top Eng