skip to content

 

ရန်ကုန် ဒီဇင်ဘာ ၂၄။

ကလေးငယ်များ ပျော်ရွှင်မှုရရှိစေရန် စိတ်ဓာတ်ခွန်အားများ ရရှိစေရန်အတွက် ကလေးငယ်များ အားကစားပြိုင်ပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း အားကစားနှင့် ကာယပညာသိပ္ပံ၌ ဒီဇင်ဘာ ၂၃ရက် နံနက်ပိုင်းက ကျင်းပသည်။အဆိုပါ အားကစားပြိုင်ပွဲကို မီတာ အတိုအရှည်အပြေးပြိုင်ပွဲ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အလျားခုန်၊ သံလုံးပစ်၊ ပီနံအိတ်စွပ်ပြေး စသည်ဖြင့် အားကစားရန်ကုန်မြို့အတွင်းရှိ လမ်းပေါ်နေကလေးငယ် ၁၀၀ကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

“လမ်းပေါ်မှာပဲ အချိန်ကုန်နေရတဲ့ကလေးငယ်တွေ သူတို့ဘဝရဲ့ ခဏတာပဲဖြစ်ဖြစ် ပျော်ရွှင်ပြီး စိတ်ဓာတ်ခွန်အားတွေရရှိစေဖို့အတွက် ဒီပွဲလေးကို လုပ်ဖြစ်တာပါ။ ကလေးဆိုတာမျိုးက ကစားရရင်၊ မုန့်စားရရင်ပျော်နေတတ်ကြတယ်လေ။ ကျွန်မတို့အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ကလေးတွေအပြင် ခက်ခဲတဲ့ဘဝတွေကို လမ်းပေါ်ဖြတ်သန်းနေကြတဲ့ ကလေးတွေပါဝင်ပါတယ်” ဟု Junior Dream (Non-Profit Organization) ကို တည်ထောင်သူ မဣန္ဒြေနေနွယ်က ပြောသည်။


back to top Eng