skip to content
 
နေပြည်တော်၊ စက်တင်ဘာလ(၁၄)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ကျင်းပသော''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' (Exercise is Medicine) Healthy Myanmar အားကစားလှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက်(၇)အချိန်တွင် နေပြည်တော်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ  မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နာယက ဒေါ်နန်းအေးခိုင်၊ ဥက္ကဌဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဌများနှင့် အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြပါသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းမှ ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' (Exercise is Medicine)Healthy Myanmar အားကစားလှုပ်ရှားမှုအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
 
 
 
ထို့နောက် တက်ရောက်လာကြသော  မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် မှ နည်းပြများနှင့် Balance Fitness မှ နည်းပြဆရာများမှ ဦးဆောင်၍  အားကစားဝါသနာရှင် မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများသည် စုပေါင်း ကိုယ်လက် အားကစား လှုပ်ရှားမှုများဖြစ်သော Myanmar Fitness Dance လေ့ကျင့်ခန်းများကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါသည်။
 

back to top Eng