Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာကြံ့ခိုင်သောမြန်မာလူမျိုးများဖြစ်ပေါ်လာစေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် အဓိကကျသည်ဟူသော Healthy Myanmar Seminar (Exercise is Medicine) ဆွေးနွေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စ
နေပြည်တော်၊ အောက်တိုဘာ(၃)ရက်။
မြန်မာလူမျိုးများမှာ ကျန်းမာကြံ့ခိုင်ပြီး တစ်မျိုးသား လုံး ကျန်းမာစေရန် ရည်ရွယ်၍ ကျန်းမာရေးအတွက် မဟာဗျူဟာကျကျ အမျိုးသားကျန်းမာရေး၊ စီမံကိန်းပေါ်ထွက်လာစေရန် ရည်ရွယ်၍အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရမည်ဟူသော ဆွေးနွေးပွဲ ဒုတိယနေ့ စာတမ်းဖတ်ပွဲ
Healthy Myanmar Seminar( Exercise is Medicine)
ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်ရှိ (
ံသအနူ ျွသပူေ ဗခန
) ၌ ကျင်းပပြုလုပ်ရာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားပါသည်။
ရှေးဦးစွာ အစီအစဉ်အရ ယမန်နေ့ ဆွေးနွေးပွဲမှ ကျန်းမာရေး၊ အားကစားနှင့်ပတ်သက်၍ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ဆွေးနွေးချက်များအား အခမ််းအနားသို့ တက်ရောက် လာသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပညာရှင် အတတ်ပညာရှင်များ ပညာရေး ဝန်ကြီးဌာနမှာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေး ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်း/ခရိုင်/မြို့နယ်အသီးသီးမှ တာဝန်ခံ အရာရှိများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဥက္ကဌနှင့် အတွင်းရေးမှူး၊ ဖိတ်ကြားထား သူများမှ အုပ်စု (၄)စုခွဲ၍ အသီးသီး ဆွေးနွေးချက်များအား ဝိုင်းဝန်း၍စာတမ်းပြုစုကြပါသည်။
အစည်းအဝေး၏မွန်းလွဲပိုင်းအချိန်တွင် ‘‘ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရမည်’’ဟူသော ခေါင်းစဉ်အား စာတမ်းပြုစုထားသော အုပ်စု(၄)စုမှ ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုရရှိချက်များအား ဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ပြန်လည်ဆွေးနွေးပြောကြားရာ တွင် ယနေ့အခမ်းအနားသို့ တက်ရောက်ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပါသော အသိပညာရှင်၊ အတတ်ပညာရှင်များအား ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ဝိုင်းဝန်ဆွေးနွေး အကြံပြုချက်များမှာ ထင်မှတ်ထားသည့်ထက် ပိုမိုကောင်းမွန်၍ အထူးဝမ်းမြောက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ယနေ့တွင် တက်ရောက်လာသော အုပ်စုအသီးသီး၏ အကြံပြုချက်များကို နိုင်ငံတော်ရှိ ပြည်သူများအတွက် အလွန်ကျေးဇူးရရှိစေရန် အကောင်းဆုံး
(Plan)
တစ်ခုကိုပြန်ရေးဆွဲ အတည်ပြု၍ နိုင်ငံတော် အကြီးအကဲထံတင်ပြ၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
(Plan)
ကောင်းများကို ဘယ်လိုရေးဆွဲစေကာမူ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက အသုံးဝင်မည်မဟုတ်ပါကြောင်း၊ ထို့သိုလက်တွေ့ အကောင်အထည်ဖော်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းဆောင်ရွက်၍ မရနိုင်ပါ၊ အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ လူတန်းစားအလွာအသီးသီးမှ ပြည်သူများ ပါဝင်ပူုးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လည်း ထွက်ပေါ်လာသော အစီအစဉ်များအား ဒေသအလိုက် ကွဲပြားခြားနား၍ လုပ်ဆောင်ချက် များ မတူညီနိုင်ပါကြောင်း၊ မိမိတိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဒေသအလိုက်ကိုက်ညီမည့် လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၏ လက်တွေ့အကောင်အထည်ဖော်မှုအား မိမိတို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ငွေကြေး၊ နည်းစနစ်၊ အားကစား အထောက်အကူပြုပစ္စည်းများကို ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊
လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏာရေးနှစ်များတွင် နိုင်ငံတဝှမ်းရှိ တိုင််းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ အားကစားကွင်း၊ အားကစားရုံများ၊ ရေကူးကန်များအား အဟောင်းများကိုပြုပြင် အသစ်များကို တိုးချဲ့ဆောက်လုပ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိပြည်သူများ၊ အားကစားကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများကိုလည်း အဆိုပါ အားကစားကွင်း၊ အားကစားရုံအသီးသီး၌ မည်သူမဆို အားကစားပြုလုပ်နိုင်ရေး အသိပေး ကြော်ငြာသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် လုပ်ငန်းများ အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အရာရှိကြီးများအား သီးခြားစီတာဝန်ပေး၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာကျောင်းများ၌ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်သည့်အားကစား အထောက်အကူပြုပစ္စည်းများအား ပံ့ပိုးနိုင်ရေးကြိုတင် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီး၌လည်း လုပ်ငန်းအဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများမှ ဆွေးနွေးအကြံပြုချက်များအား ထပ်မံဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
185 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display