Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန လုပ်ငန်းညိ§နှိုင်းအစည်းအဝေးကျင်းပ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြေကြား
နေပြည်တော်၊ ဇန်နဝါရီ(၁၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန လုပ်ငန်းညိ§နှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီ၌ နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားပါသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ၂ဝ၁၇ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ဦးစီးဌာနအနေဖြင့် လုပ်ငန်းပြီးစီးဆောင်ရွက်မှုများ ဖြစ်ကြသော ဝန်ထမ်းအင်အားခန့်ထားနိုင်မှု၊ ဝန်ထမ်းအိမ်ယာလိုအပ်မှုအခြေအနေ၊ ဦးစီးဌာနရှိ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တာဝန်ခွဲဝေ လုပ်ငန်းကြီးကြပ်ဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံခြားပညာတော်သက်သွားရောက်နိုင်မှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကျင်းပပြီးစီးမှုအခြေအနေ၊ ပြိုင်ပွဲအပြီးသုံးသပ်မှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားကစားတိုးတက်မှု၊ လျော့ကျမှုအခြေအနေ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများ ပြိုင်ပွဲကျင်းပနိုင်မှုအခြေအနေနှင့် အားကစားနည်းအလိုက်သုံးသပ်ချက်များနှင့် ၂ဝ၁၇ခုနှစ် ဦးစီးဌာနအနေနှင့် အဓိကအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သော လုပ်ငန်း အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ အားကစားနည်းအလိုက် သုံးသပ်မှုအခြေအနေ တော်တော်ကောင်းမွန်ကြောင်း၊ လိုအပ်ချက်များအား ဖြစ်နိုင်သည့် အချက်များကို လက်တွေ့အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရွေးစင် အားကစားသမားများအား ဝန်ထမ်းအဖြစ် ခန့်ထားရေးကို အမြန်ဆုံး ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ သို့မှသာ အားကစားသမားများ ကြိုးစားချင်စိတ်ရှိလာမည် ဖြစ်ပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တာဝန်ခွဲဝေမှုအား အလှည့်ကျတာဝန် ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ သို့မှသာပိုမိုကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၈ခုနှစ်တွင် ဝန်ထမ်းအိမ်ယာများအား အဓိက ဦးစီးဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သိပ္ပံကျောင်းများပြိုင်ပွဲတွင် အားကစားနည်းအလိုက် စံချိန်များသတ်မှတ်ပြီး စံချိန်ကောင်းများရရှိအောင် စီစဉ်ဆောင်ရွက်စေလိုပါကြောင်း၊ Healthy Myanmar (Exercise is Medicine) ဆွေးနွေးပွဲမှ ဆွေးနွေးချက်များအား နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုမိန့်ကျပြီး ဆောင်ရွက်ခွင့် ပြုပြီးဖြစ်ပါသဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များပူးပေါင်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ဒေသတစ်ခုနှင့်တစ်ခု မတူညီသည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းတူညီနိုင်မည် မဟုတ်ပါကြောင်း၊ မိမိဒေသ၏အဓိက အားသာချက်နှင့် လိုအပ်ချက်ကိုက်ညီသည့် အစီအမံများဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ လိုအပ်သည့်ဘတ်ဂျက်ကို တောင်းခံရန်လိုအပ်ပါကြောင်း၊ မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်လျက်ရှိသော TSDP ပြိုင်ပွဲများအား လက်တွေ့ကျကျ လုပ်ကိုင်နိုင်မှုကို ပြန်လည်သုံးသပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ B.Sc (Sports) ကျောင်းသားများအား သင်ကြားမှုစနစ် ပြန်လည်သုံးသပ်ရန်နှင့် အားကစားသိပ္ပံကျောင်းများ လေ့ကျင့်နေမှုကို လက်တွေ့လေ့လာရန် လိုအပ်ကြောင်း၊ မြို့နယ်အားကစားမှူးများအား ဒေသတွင်းရှိ အခြေခံပညာကျောင်းများနှင့် အားကစားဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် အားကစားဆိုင်ရာ အထောက် အကူပြုပစ္စည်းများ တတ်နိုင်သလောက်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံရှိပြည်သူများ အားကစားလေ့ကျင့်နိုင်ရေး မြို့နယ်အသီးသီး၌ Outdoor Fitness များတပ်ဆင်ပြီးစီးမှုနှင့် လိုအပ်သည့်မြို့နယ်များ အမြန်ဆုံးတပ်ဆင်ပေးနိုင်ရေး၊ မြို့နယ်များ၌လည်း Outdoor Fitness များကို အများပြည်သူများ အလွယ်တကူ ကစားနိုင်သည့်နေရာများ၌ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များအား ပြန်လည်ပြုပြင်ထိမ်းသိမ်းရန် လိုအပ်သည်များကို စာရင်းပြုစု၍ အမြန်ဆုံးပြုပြင်ထိမ်းသိမ်းရန် ဘတ်ဂျက်တောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အားကစားကွင်း၊ အားကစားရုံများကိုလည်း ပြည်သူများအခမဲ့ စနစ်တကျ ဝင်ရောက်ကစားနိုင်ရေး စီစဉ် ဆောင်ရွက်ပေးရန်၊ နယ်မြေ ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ဒုတိယñွှန်ကြားရေးမှူးချုပ် များ၏ အစီရင်ခံစာများ အမြန်ဆုံးတင်ပြရန်နှင့် မာရသွန်အားကစားနည်းတွင် တောင်ပေါ် ဒေသရှိ ကချင်၊ ချင်း၊ နာဂ တိုင်းရင်းသားများအား ရှာဖွေရွေးချယ်နိုင်ရေးနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ပညာရေးနှင့်လေ့ကျင့်ရေးမူဝါဒ ပြောင်းလည်းပြင်ဆင်ရန်၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများမှ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ရှေ့လုပ်ငန်းစဉ်များ အသီးသီးတင်ပြပြီး အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ လိုအပ်ချက်များ အသီးသီးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ပြန်လည် ဖြည့်စွက် ဆောင်ရွက်ပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။
25 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display