Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာညီလာခံအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးတက်ရောက်
ရန်ကုန်၊ ဒီဇင်ဘာလ(၁၃)ရက်။
အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာန မှ ñွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကြ ၊ ဒုတိယဥက္ကြ ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားကိုကြိုးစားလုပ်ဆောင်ပေးခဲ့ကြသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ အားလုံး ၏ ကြိုးစားမှုကို ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ နောင်လာမည့် (၂)နှစ်မှာ ကျင်းပမည့်
SEA Games
၌ မြန်မာအားကစားအဖွဲ့များအနေဖြင့် မှန်ကန်သည့်လမ်းကြောင်းပေါ် မှာ ရပ်တည်နိုင်ရန်အတွက် အတူတကွ ယခုအချိန်မှစပြီး
Sports Science
နှင့်
Sports Medicine
လုပ်ငန်းများကို ကြိုးစားလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊
Sports Science
ပညာရပ်သည် အားကစားလေ့ကျင့်ရေးတွင် မပါရင်မဖြစ် ဖြစ်ပြီး အရေးကြီး ပါကြောင်း၊ အခြားအာဆီယံ နိုင်ငံများနှင့် မယှဉ်နိုင်သေးသည့်အတွက် တွန်းတွန်းတိုက်တိုက်နှင့် ဆောင်ရွက်သွားရမှာဖြစ်သည့်အတွက်
Sports Science
နှင့်ပတ်သက်သည့်
Seminar
နှီးနှော ဖလှယ်ပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ရာအားကစား သိပ္ပံပညာနှင့် အားကစားဆေးဘက်ဆိုင်ရာ
Seminar
ကို ဇန်နဝါရီ(၁)ရက်နေ့တွင် သိမ်ဖြူရှိ မြန်မာနိုင်ငံဆရာဝန်ကြီးများအသင်းမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နံနက်ပိုင်းတွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး
Exercise is Medicine
ကို ပါ ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူလူထုကြီးပါ စိတ်ပါဝင်စားလာအောင် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ ဇန်နဝါရီလ (၂၂)ရက်နေ့ တွင်
Novotel Hotel
၌ ကျင်းပပြုလုပ်မည့်
Seminar
တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ပုဂ္ဂိုလ်များအားလုံး ပါဝင်ရမှာ ဖြစ်၍ ယခုကျင်းပမည့်
Seminar
ကြီးမှ များစွာသောအကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါကြောင်း၊
Seminar
ပွဲကြီး၌ လူဦးရေ (၃ဝဝ)ကျော်တက်ရောက်နိုင်မှာဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း
(EIM) Exercise is Medicine
ကိုလုပ်ဆောင် နေပြီဖြစ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး အတိုင်းအတာအနေဖြင့် ဆရာဝန်များအားလုံးလည်း ပါဝင်လာရမှာဖြစ်ပြီး ဆေးကုသမှုအပိုင်း၌ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးရလဒ်များကို သိရှိလာပြီဖြစ်ပါကြောင်း၊ ဒီနှစ်မှာဆိုရင် ကျောင်းသားအားကစားပွဲတော် ကို အားကစားနည်း (၄)မျိုးဖြင့် စတင်ကျင်းပ နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျောင်းတိုင်းကျောင်းတိုင်းတွင် ကျောင်းဆင်းချိန်၌ ကိုယ်လက်လေ့ကျင့်ခန်းများကို (၁၅)မိနစ်ခန့် လုပ်ဆောင်ရမည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးသည်လည်း ရုံးဆင်းချိန် မတိုင်မီ လေ့ကျင့်ခန်းများ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြင်ပ ကုမ္ပဏီများ ၊ စက်ရုံ၊ အလုပ်ရုံ များ လည်း ပါဝင်လာနိုင်အောင် စည်းရုံးဆောင်ရွက်စေလိုပါကြောင်း၊
GYM
တွေကို စုစည်းပြီး
Certificate
ရတဲ့အထိ တစ်ပုံစံတည်းဖြစ်အောင် ဆောင်ရွက် သွားမည်ဖြစ်ရာ
Certificate
လက်မှတ်မရရှိသည့်
GYM
များကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ တာဝန်ယူ ကျင်းပသွား ရမည်ဖြစ်၍ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုုက် လက်ခံကျင်းပနိုင်မည့် အားကစားနည်းများရှိပါက တင်ပြပေးသွားစေလိုကြောင်း၊ ယခု ဆိုရင် ရှမ်းပြည်နယ်၌ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘိလိယက်နှင့်စနူကာ ၊ ဘောလုံးပြိုင်ပွဲများကျင်းပ နိုင်အောင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဒီလိုပြိုင်ပွဲများ ကျင်းပရာတွင် အားကစားကွင်း/ရုံနှင့် တည်းခိုနေထိုင်ရေးတွင် အခက်အခဲမရှိစေရန် အဆောက်အဦး များဆောက်လုပ်နေပြီဖြစ်ကြောင်း၊ အားကစား လောက တိုးတက်ရန် မှန်ကန်သည့် စနစ်တစ်ခုသို့ မရောက်သေး၍သာ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့်
Sports Science
နှင့်
Sports Medicine
ကို ယခုကတည်းက ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်၍အားလုံးက ဝိုင်းဝန်းကူညီ ဆွေးနွေးတင်ပြကြရန် လိုအပ်ပါကြောင်းပြောကြားသွားပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင် က ဇန်နဝါရီလ (၂၂)ရက်နေ့တွင်ကျင်းပမည့်
Seminar
၌ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ယူကေ၊ ယူအက်(စ်)အေ၊ တို့မှ လာရောက်ဆွေးနွေးပေးမည့် ပညာရှင်(၁၁)ဦး၏ အမည်များနှင့် ဆွေးနွေးမည့် ဘာသာရပ်များကို တစ်ခုချင်းစီ တင်ပြဆွေးနွေးသွားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌ များ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးဝိုင်းဝန်းဆွေးနွေးပြီး လိုအပ်ချက်များကို တင်ပြကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ပြန်လည်ဆွေးနွေးပြီး
Sports Science
နှင့်
Sports Medicine
ကို အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် ကြိုးစား နေပါကြောင်းနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ မြန်မာ့အားကစားတက်လှမ်းနိုင်အောင် အားလုံးက ဝိုင်းဝန်းကူညီ ကြိုးစားဆောင်ရွက်ပြီး ထိုးဖောက်သွားနိုင်အောင် ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
2 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display