skip to content
 
နေပြည်တော်၊ စက်တင်ဘာလ(၁၁)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဥပဒေရေးရာ အကြံပေးအဖွဲ့(အားကစား) Legal Team  သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် (၉)နာရီ အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြားဖွင့်လှစ်ပေးပါသည်။
 
အဆိုပါသင်တန်းဖွင့်ပွဲသို့  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်နည်းပြဆရာများဖြစ်ကြသော ဥပဒေ ပညာရှင် ဦးမောင်မောင်မြင့်၊ တရားလွှတ်တော်ရှေ့နေ ဦးစိန်လှိုင်နှင့် သင်တန်းသား/ရောက်ကြပါသည်။ 
                                                                                                                
ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အားကစားဆိုင်ရာ ဥပဒေရေးရာ အကြံပေးအဖွဲ့ ဖွဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ အားကစားနှင့်ကာယပညာဦးစီးဌာန လက်အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အမြဲတမ်းပေါ်ပေါက်လျက်ရှိသော မြေယာဆိုင်ရာ အရှုပ်ရှင်းကိစ္စရပ်များ၊ အားကစားကွင်း/ရုံ ဆိုင်ရာ မြေယာအငြင်းပွားမှု ကိစ္စရပ်များ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားတိုင်ကြားမှုကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် လွယ်ကူ ချောမွေ့စေရန်အတွက် ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်း၊ နောင်တွင် အလားတူကိစ္စရပ်များ ဖြစ်ပေါ် လာပါက ယခုဖွဲ့စည်းထားသော ဥပဒေအကြံပေးအဖွဲ့မှ ကွင်းဆင်းဖြေရှင်း တာဝန်ယူဆောက်ရွက်ရန် စီမံထားရှိပါကြောင်း၊ ယခုကဲသို့ ဖွဲ့စည်းထားသော ဥပဒေအကြံပေးအဖွဲ့အား အရည်အချင်း ပိုမို ပြည့်ဝပြီး လုပ်ငန်းဆိုင်ရာများ တိတိကျကျ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်နိုင်ရန် ဥပဒေဆိုင်ရာ ပညာရှင်များကို ခေါ်ယူသင်တန်းပို့ချ ရခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။
 
 
 
ဆက်လက်၍ သင်တန်းနည်းပြဆရာဖြစ်သော ဥပဒေပညာရှင် ဦးမောင်မောင်မြင့်မှ သင်တန်းပို့ချမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
 
အဆိုပါသင်တန်းမှ သင်တန်းသား/သင်တန်းသူများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး(အားကစား) မှ ဥပဒေဘွဲ့ရအရာထမ်း/အမှုထမ်းများ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဥပဒေဘွဲ့ရရှိသော အရာထမ်း/အမှုထမ်းများစုစုပေါင်း (၁၈)ဦးတို့ဖြင့် ဖွဲ့စည်းထားရှိပြီး သင်တန်းနည်းပြအဖြစ် ဥပဒေပညာရှင် ဦးမောင်မောင်မြင့်နှင့် တရားလွှတ်တော်ရှေ့နေ ဦးစိန်လှိုင်တို့ ပို့ချသင်ကြား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 

back to top Eng