skip to content
 
ရန်ကုန်၊ မတ်လ(  ၁  )ရက်။
 
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ခုနှစ်၊ မတ်လ (၂)ရက်မှ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၈)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့တက်ရောက်ပြီး Olympic Council of Asia Board  Member Mr. Daesung Moonနှင့်တွေ့ဆုံ၍ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာစံချိန်နှင့်အညီ ချိတ်ဆက်ပူးပေါင်းလေ့ကျင့်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးရေးအတွက် အဖွဲ့ခေါင်းဆောင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြလေးစိန်နှင့်အဖွဲ့၀င် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ တို့သည် ယနေ့နံနက် (၇)နာရီ(၅၀)မိနစ် အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ကြသည်။
 

back to top Eng