ရန်ကုန်၊ ဇူလိုင်လ(၆)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၇)နာရီက အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တွင် ဖိလစ်ပိုင်နိုင်ငံ တွင်ကျင်းပပြုလုပ်မည့်(၃၀)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အတွက် စခန်း၀င်လေ့ကျင့်လျက်ရှိသော ပဏာမမြန်မာ့လက်ရွေးစင် လှေလှော် အားကစားသမားများ လေ့ကျင့်နေမှုများ အားလည်းကောင်း၊ ဦးဝိစာရလမ်း အမျိုးသားရေကူးကန်၀င်းအတွင်းရှိ အားကစားသမား အိပ်ဆောင်များကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဂျူဒိုအဖွဲ့ချုပ်၌ ပဏာမမြန်မာ့ လက်ရွေးစင်ဂျူဒိုအားကစားသမားများ လေ့ကျင့်နေမှု အားလည်းကောင်း၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တွင် ပဏာမမြန်မာ့လက်ရွေးစင်နှင့်အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲတွင် ရွေးချယ်ထားသော စားပွဲတင်တင်းနစ်အားကစားသမားများ လေ့ကျင့်နေမှုများအားလည်းကောင်း၊ အောင်ဆန်းအားကစားကွင်းရှိ ကရာတေးအဖွဲ့ချုပ်ပဏာမ မြန်မာ့လက်ရွေးစင် အားကစားသမားလေ့ကျင့်နေမှုများ၊ ဘိလိယက် နှင့်စနူကာအဖွဲ့ချုပ်ရှိ ပဏာမမြန်မာ့ လက်ရွေးစင် အားကစားသမား လေ့ကျင့်နေမှုများ၊ လက်ရွေးစင်ကစားသမားများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ဆေးကုသရန်ဖွင့်လှစ်ထားသော ဆေးခန်းအားလိုက်လံ ကြည့်ရှုလည်းကောင်း၊ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ရှိ ပဏာမ မြန်မာ့လက်ရွေးစင် အားကစားသမားများလေ့ကျင့်နေမှုများ လိုက်လံကြည့်ရှု၍ စားရိပ်သာရှိ အားကစားသမားများအား ချက်ပြုတ်ကျွေးမွေးမှု၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ စစ်ဆေး၍လည်းကောင်း၊ အလေးမအဖွဲ့ချုပ် ရှိပဏာမမြန်မာ့လက်ရွေးစင်အလေးမအားကစားသမားများ လေ့ကျင့်နေမှုများ ကြည့်ရှုအားပေးကာ ကစားသမားများ ရာသီတုပ်ကွေးမဖြစ်ရလေအောင် အစားအသောက်နှင့် ကျန်းမာရေးဂရုစိုက်ရန် မှာကြားခဲ့ကြောင်းသိရှိရသည်။