ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်၊ Physical Fitness Dance သင်တန်းဆင်းပွဲကို၊ ယနေ့နံနက် (၈)နာရီခွဲက အဆိုပါ ကျောင်းအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်သီတာဆွေနှင့် ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ရီရီမွန်တို့က ဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ အကူအညီကိုရယူကာ ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး မြိုနယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းက Physical Fitness Dance သင်ခန်းစာများဖြစ်သည့် သက်ကြီးလေ့ကျင့်ခန်း၊ Free Hand Exercise၊ Cooling Down Exercise နှင့် Fitness Dance (1) တို့ကို သင်တန်းကာလအတွင်း လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ပထမနှစ် ကျောင်းသား/သူ (မေဂျာစုံ) မှ ကျောင်းသား (၁၀၀) နှင့် ကျောင်းသူ (၁၀၀) ဦး စုစုပေါင်း သင်တန်းသား/သူ (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။