skip to content
 
စစ်ကိုင်း၊ ဒီဇင်ဘာလ(၁၆)ရက်။
 
''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်မြန်မာ့ အားကစားလောကအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုများ'' အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း လူထု စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက် (၅:၃ဝ)အချိန်တွင် အားကစားကွင်းအရှေ့မုဒ်ဦးမှ စတင်တာလွှတ် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံမှ ကျောင်းသား/ကျောင်းသူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ၊ ပညာရေးကောလိပ်မှ ဆရာ/ဆရာမများ၊ အထကကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်း မှကျောင်းသား/ကျောင်းသူများ၊ တိုင်းရဲတပ်ရင်းမှ သင်တန်းသားများ၊ လုပ်သားပြည်သူလူထုများ၊ စုစုပေါင်းအင်အား (၃၅၆ဝ၁)ခန့် တစ်ပျော်တစ်ပါး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါသည်။
 
 
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲကို အားကစားကွင်း အရှေ့မုဒ်ဦးမှ တမာတန်းမီးပွိုင့်-ရုံးကြီးလမ်း ညစျေးတန်း-ဗိုလ်ချုပ်ကြေးရုပ်မှ တိုင်းအားကစားကွင်းတွင် ပန်းဝင်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)နှင့် (၂)တို့ကို စုပေါင်းပြုလုပ်ကြသည်။
 
ဆက်လက်၍ ကောက်ည§င်းပေါင်းနှင့် အကြော်များဝေခြင်း၊ ငွေဖြည့်ကဒ်များ ကံစမ်းမဲဖေါက်ပေးခြင်း၊ လ္ဘက်ရည်၊ကော်ဖီနှင့် နို့စိမ်းခေါက်ဆွဲများ တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng