skip to content
 
စစ်ကိုင်း ဩဂုတ် ၂၅
 
မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်၊ ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနနှင့် စစ်ကိုင်းမြို့စက်ဘီးစီးအသင်း(CAS)တို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံဖိတ် ခေါ်စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ်၂၅ရက် နံနက် ၆ နာရီခွဲက စစ်ကိုင်းမြို့ ဗိုလ်ချုပ်ပန်းခြံရှိ တာလွှတ်စုရပ်စင်နေရာ၌ ကျင်းပရာ စက်ဘီးစီးကျောင်းသား ၃၆၅ ဦးနှင့် ကျောင်းသူ ၁၀၄ ဦးတို့ ဝင်ရောက်နေရာယူကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သောင်းက အချက်ပြသေနတ်ပစ် ဖောက်၍ တာလွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင်စက်ဘီးစီးသမားတို့သည် တာလွှတ်စုရပ်နေရာမှ စတင်စီးနင်း၍ သတ်မှတ်လမ်းကြောင်းအတိုင်း စစ်ကိုင်းနှစ် ၇၀၀ ကွင်းအတွင်းသို့ ပန်းဝင်ယှဉ်ပြိုင်စီးနင်းကာ ပန်းဝင်ခဲ့ ကြရာ မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်း၊ MBA စက်ဘီးစီးအသင်းမှ ဦးဘတင့်၊ စစ်ကိုင်းမြို့ စက်ဘီးစီးအသင်း(CAS)မှတာဝန်ရှိသူများ၊ ဦးစောဝေဦး (YM)၊ Biker စက်ဘီးဆိုင်မှဦးဝင်းနိုင်ဦး နှင့် ညီညီလွင် (မင်္ဂလာရွှေအုပ်)၊ ဦးကျော်(နဂါးမင်း)နှင့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများစက်ဘီးစီးဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြပြီး စေတနာရှင်အလှူရှင်များက ပန်းဝင်လာသူစက်ဘီးစီးသမားများအား အားဖြည့်အချို ရည်၊ ရေဘူးများ၊ ရေသန့်ဘူးများ ပေးဝေခဲ့ကြသည်။
 
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်း နှစ်၇၀၀ ကွင်းတွင် ဆက်လက် ကျင်းပရာ အမျိုးသားစက်ဘီးစီးပြိုင်ပွဲ၌ ပထမဆုကို အထက-၁ မှ မောင်အောင်စစ်သန့်နှင့် ဒုတိယဆုကို မောင်အောင် ဇော်ထွန်း၊ တတိယဆုကို မောင်ထွန်းလင်းဇော် (တောင်ပ လူ-၁ -အထက)နှင့် အပိုဆု ခုနစ်ဦးတို့ကိုလည်းကောင်း၊အမျိုးသမီးပြိုင်ပွဲတွင် အထက(၁)ကျောင်းမှ ပထမ မထူးမြတ်ဇော်၊ ဒုတိယ မချောစုလွင်၊ တတိယ မသင်းသင်း နွယ်နှင့် အပိုဆု ခုနစ်ဦးတို့ကိုလည်းကောင်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိ သူများက ပထမဆုငွေကျပ် တစ်သိန်း၊ ဒုတိယဆုငွေကျပ် ခုနစ်သောင်း၊ တတိယဆုငွေကျပ် ငါးသောင်းတို့နှင့် ဆုတံဆိပ်များ အသီးသီးချီးမြှင့်ပြီးနောက် အမျိုးသား ကွင်းသုံးပတ်ဆုရရှိသူ ပထမ မောင်ထူးအောင်ကောင်း၊ ဒုတိယ မောင်ထက်ဝေယံအောင်၊ တတိယ မောင်ဟန်ဇော် ထွန်းတို့ကိုလည်း ပထမဆုငွေကျပ် ငါးသောင်း၊ ဒုတိယဆု သုံးသောင်းနှင့် တတိယဆု နှစ်သောင်း ချီးမြှင့်ခဲ့သည်။
 
ယင်းနောက် စက်ဘီးစီးပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သူများထဲမှ ကျောနံပါတ်အလိုက် မဲနှိုက်ပေးပြီး မဲပေါက်သူ များကို ပြိုင်ပွဲဝင်စက်ဘီး သုံးစီးအား ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထပ်မံဆုချီးမြှင့်ခဲ့ကြောင်း သိရ သည်။
 
တင်မောင်(မန်းကိုယ်ပွား )

back to top Eng