skip to content
 
ရန်ကုန်၊ စက်တင်ဘာလ (၁၅)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ရှိသော စားပွဲတင်တင်းနစ်နည်းပြများအား ခေတ်မီတိုးတက်ပြောင်းလဲ လျှက်ရှိသော နည်းစနစ်ပိုင်းဆိုင်ရာများအား သိရှိနားလည်သဘောပေါက်ပြီး မိမိတို့ရဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အမှန်တကယ်အသုံးချကာ မျိုးဆက်သစ်လူငယ်စားပွဲတင် တင်းနစ်အားကစားသမားများကို မွေးထုတ်ပေးနိုင်အောင်ရည်ရွယ်၍ ITTF- PTT Level -1 Coaching Course + Tranning Camp (Cade) 2019 ဖွင့်လှစ်သောသင်တန်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်းကြားရေးမှူး ဦးစိုးအောင်နှင့် ဒုတိယ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ အီရန်နိုင်ငံမှ သင်တန်းနည်းပြ Mr.PEYMAN Abolharsani  နှင့် ဖိတ်ကြားထားသူများ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
 
 
ရှေ့ဦးစွာ သင်တန်းသားများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီး မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က သင်တန်းအဖွင့်အမှာစကားပြောကြား၍ သင်တန်း နည်းပြ Mr.PEYMAN Abolharsani  မှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
 
အဆိုပါသင်တန်းကို တိုင်းဒေသကြီးပြည်နယ်များမှ အမျိုးသား(၂၂)ဦး၊ အမျိုးသမီး(၈)ဦး စုစုပေါင်း(၃၀)ဦးတို့သည် စက်တင်ဘာ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ နိုင်ငံတကားအဆင့်မီ သင်တန်းဖြစ်ရာဖွင့်လှစ်သင်ကြားပြသသွားမည်ဟုသိရှိရပါသည်။

back to top Eng