မနီလာ ဒီဇင်ဘာ ၉
အကြိမ် (၃၀) မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ဒီဇင်ဘာ ၁၀ ရက် (ယနေ့) ညနေပိုင်းတွင် မနီလာမြို့ရှိ ရီဇယ်လ်အမှတ်တရကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တတိယနေရာလုပွဲ ကစားရမည် ဖြစ်သည်။
ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် တတိယနေရာ လုပွဲအဖြစ် မြန်မာအသင်းနှင့် ကမ္ဘော ဒီးယားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။ အုပ်စုတွင်း ပြိုင်ဘက်များ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး ဗီယက် နမ်အသင်းက အင်ဒိုနီးရှားအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရ ထားသည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲနှင့် လွဲချော် ခဲ့သော်လည်း တတိယနေရာ ရယူနိုင်ရန် ကမ္ဘောဒီးယား ကို အနိုင်ကစားရမည်ဖြစ်သည်။ ကမ္ဘောဒီးယား အသင်း သည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို လေးဂိုးပြတ်အရေး နိမ့်ခဲ့သော်လည်း ခြေစွမ်းပိုင်းကောင်းမွန်နေရာ မြန်မာ အသင်းအနေဖြင့် ကြေးဆုရယူနိုင်ရန် ပေါ့ဆ၍မရသည့် အနေအထားဖြစ်နေသည်။ မြန်မာအသင်းသည် ဆီမီး ဖိုင်နယ်တွင် အင်ဒိုနီးရှားအသင်းကို အချိန်ပိုတွင် လေးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းတွင် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်း ပွဲပယ် ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ် ဘဲ ခံစစ်လိုအပ်ချက်များကို ပြင်ဆင်နိုင်မှ ရလဒ်ကောင်း မည်ဖြစ်သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့် (ခေတ္တ-မနီလာ)