skip to content


နေပြည်တော်၊ အောက်တိုဘာ (၂၂)ရက်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကိုရည်ရွယ်၍ ၂ဝ၁၉ ခုနှစ် ကျန်းမာကြံ့ခိုင်ပျော်ရွှင်သော လူတစ်ဦးချင်းမှသည် ကျန်းမာကြံ့ခိုင်ပျော်ရွှင်သော နိုင်ငံသားများအဖြစ်ရောက်ရှိစေရေးနှင့် လူတိုင်းလူတိုင်း ကျန်းမာကြံ့ခိုင်ပျော်ရွှင်သည့်ဘဝများ ပိုင်ဆိုင်နိုင်စေရေးအတွက် လိုက်နာကျင့်ကြံဆောင်ရွက်ရန် စားသောက်၊ နေထိုင်၊ ပြုမူလှုပ်ရှား ဆောင်ရွက်သင့်သည့် လူနေမှုဘဝ ပုံစံများအား အသိပညာပေးရေးနှင့် သက်ဆိုင်သည့် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာပြိုင်ပွဲများ ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့ရာ ဆောင်းပါး(၇၁)ပုဒ်၊ ဝတ္ထုတို(၃၅)ပုဒ်၊ ကဗျာ(၄၄)ပုဒ်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်များ၏ ဆောင်းပါးပြိုင်ပွဲတွင် သန္တာနိုင်မှ နုပျိုသက်ရှည်ကျန်းမာရေး ကိုယ်လက်လှုပ်ရှားအားကစားပေးဖြင့် ပထမ၊ ဦးဝမ်းယုနောင် မှ ဘဝတစ်သက်တာကျန်းမာရေးလူနေမှုဘဝပုံစံပြောင်းလဲပေး ဖြင့် ဒုတိယ၊ ဦးကျော်ဇောထွေး (ဟမ်စိုင်း(ဆေးမန်း))မှ ဘဝတစ်သက်တာ ကျန်းမာရေး လူနေမှုပုံစံပြောင်းလဲပေးဖြင့် တတိယ၊ ဦးကျော်ဇော (မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ))၊ ဒေါ်သဇင်ထွန်း (သဇင်ထွန်း(ပညာရေး))၊ ဇင်မင်းဝင်း၊ ဦးဝင်းသိန်း(ကျောင်းဆရာ ကိုကိုဝင်း)၊ ဦးအောင်ဆန်းဝင်း (ပိုင်သုတ)တို့က နှစ်သိမ့်ဆု၊ ဝတ္ထုတိုပြိုင်ပွဲတွင် ဦးရဲညွန့်(ခက်နွယ်(နတ်မော်))က အ​ကြွေစောသည့်ပန်း ဖြင့် ပထမ၊ ဦးနေလင်းထွဋ် (ခရမ်းသစ်လူ)မှ ဆီမီးရာထောင်လင်းစေသော် ဖြင့် ဒုတိယ၊ ဦးအေးကြူ (မောင်ငြိမ်း မွန်(ချောင်းဦး))က ညီညာတွဲလက်အောင်ပွဲဆက် ဖြင့် တတိယ၊ ဒေါ်နွယ်နီအေး (နွယ်နီအေး(လူမှုစီးပွား))၊ ဦးမြင့်မောင် (မောင်စူးရှ(အနောက်ရိုးမ))၊ ဦးအေးသောင်းအုန်း (မောင်သာမန် (ဇီးကုန်း))၊ ဒေါ်တင်မိုးအေး၊ မမိုးမိုးသွင်(ရနံ့ချို(ဟင်္သာတ))တို့က နှစ်သိမ့်ဆု၊ ကဗျာပြိုင်ပွဲတွင် ဦးခင်မောင်ထွန်း(မင်းသွေးနွယ်(ဇီးကုန်း))မှ ကျန်းမာရေးဖြင့် လူမှုဘဝပုံစံမြှင့် နိုင်ငံ့ဂုဏ်ရောင်တင့်ဖြင့် ပထမ၊ ဒေါ်နွယ်နီဝင်း (မေတ္တာမိုးနှင်း(ပဲခူး))မှ အဖိုးနည်းဝန်ပါလှုပ်ရှားမှုမှသည် ကျန်းမာကြံ့ခိုင်ပြည့်မဏ္ဍုင်သို့ဖြင့် ဒုတိယ၊ ချောကေခိုင်(ပေါ်ဦးမြနန်းနွယ်(နေခ))မှ နုပျိုသက်ရှည်ကျန်းမာဖို့ နည်းလမ်းကောင်းများဖြင့် တတိယ၊ ဦးစုအောင်(ချစ်စုအောင်)၊ ဦးထိန်ဝင်း(မိုးထွဋ်ခေါင်)၊ ဦးသန်းထွေးအောင်(ထွေးကို)၊ ဦးသောင်းထွေး(သောင်းထွေး)၊ ဒေါ်သီတာဌေး(လမင်းထွန်း)တို့က နှစ်သိမ့်ဆု အသီးသီးဆွတ်ခူးရရှိခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား ၂ဝ၁၉ခုနှစ် အောက်တိုဘာလ(သို့မဟုတ်) နိုဝင်ဘာလအတွင်း အားကစားနှင့်ကာယပညာဦးစီးဌာန နေပြည်တော်၌ ကျင်းပမည်ဖြစ်ပါ၍ ဆုပေးပွဲကျင်းပမည့်ရက်အား ဆုရရှိသူများထံ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် ဝ၆၇-၈၁ဝ၄၃၃၄၊ ဝ၆၇-၈၁ဝ၄၃၃၅၊ ဝ၉-၂ဝဝ၂၁၉၆ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်။


back to top Eng