skip to content

ရန်ကုန်  ဇန်နဝါရီ  ၉

တက္ကသိုလ်လက်ရွေးစင်အသင်းသည် ၂ဝ၁၉ မြန်မာနေရှင်နယ်လိဂ် ယူ-၁၉ လူငယ် အမှတ်ပေးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အပြီးသတ်ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်လက်ရွေးစင် ယူ-၁၉ အသင်းကို ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ဇန်နဝါရီ ၁ဝ ရက်တွင် လေ့ကျင့်ရေးစတင်မည်ဖြစ်သည်။ ယခုရွေးချယ်လိုက်သော ကစားသမားများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  တက္ကသိုလ်အများစုမှ ကစားသမားများပါဝင်ပြီး ဂိုးသမားတစ်ဦးသာ မော်လမြိုင်တက္ကသိုလ်မှပါဝင်ခဲ့သည်။

တက္ကသိုလ်လက်ရွေးစင်အသင်းသည်  လက်ရွေးစင်ကစားသမားများကို မွေးထုတ်ပေးရန်ရည်ရွယ်ထားပြီး ပြီးခဲ့သည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဒုတိယဆုရရှိထားကြောင်း သိရသည်။


back to top Eng