skip to content
 
နေပြည်တော်၊ စက်တင်ဘာလ (၁၂) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်(၇းဝဝ)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး(၂)ဂိုး ဖြင့်လည်းကောင်း၊ ညနေ(၃)နာရီ အချိန် ဝဏ္ဏသိဒ္ဓိကွင်း(၁)တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း တို့ယှဉ်ပြိုင်ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းကို (၅)ဂိုး (၁) ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိကွင်း (၃)တွင် တနသင်ာ္ရီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း တို့ယှဉ်ပြိုင်ရာ တနသင်ာ္ရီတိုင်းဒေသကြီး အသင်းနှင့် နေပြည်တော်အသင်းကို (၅)ဂိုး(၄)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
(၁၃.၉.၂ဝ၁၈)ရက်နေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိကွင်း(၁)တွင် မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိကွင်း(၃)တွင် ကချင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့သည် အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စား သောမိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng