skip to content

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနက ကြီးမှူး ပြီး မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ နေပြည်တော်၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို လယ်ဝေးမြို့နယ်ရှိ Training Center(2) ဝူရှူးခန်းမ၌ ဒီဇင်ဘာ ၂၈ ရက်မှ  ၃ဝ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ဝူရှူးပြိုင်ပွဲအမျိုးအစားများအနေဖြင့် ချမ်းချွန်ပြိုင်ပွဲ၊ နှစ်ဖက်ဓားသွားပြိုင်ပွဲ၊ ဓားမောက် ပြိုင်ပွဲ၊ တုတ်ရှည်ပြိုင်ပွဲ၊ လှံရှည် ပြိုင်ပွဲ၊ နန်းချွမ်ပြိုင်ပွဲ၊ နန်းသောင်းပြိုင်ပွဲ၊ နန်းကွန့်ပြိုင်ပွဲ၊ ထိုက်ချိချွမ်ပြိုင်ပွဲနှင့် ထိုက်ချိကျန့်ပြိုင်ပွဲများ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် သတ်မှတ်ကီလိုတန်းအတိုင်း ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

အမျိုးသား ပြိုင်ပွဲတွင် ၄၈ ကီလို၊ ၅၂ ကီလို၊  ၅၆ ကီလို၊ ၆ဝ ကီလို၊ ၆၅ ကီလို၊ ၇ဝ ကီလိုနှင့် ၇၅ ကီလို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲတွင် ၄၅ ကီလို၊ ၄၈ ကီလို၊ ၅၂ ကီလို၊ ၅၆ ကီလိုနှင့် ၆ဝ ကီလို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်မျိုး(နေပြည်တော်)၊ မြ၀တီသတင်းစာ


back to top Eng