skip to content
 
တောင်ကြီး ဇွန် ၁၇
 
ရှမ်းပြည်နယ် ကရာတေးလက်ရွေးစင် ရွေးချယ်ရေးပြိုင်ပွဲနှင့် နွေရာသီသင်တန်းဆင်း သက်ငယ်တန်း ကရာတေး ပြိုင်ပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ညနေ ၅ နာရီက လွတ်လပ်ရေးကျောက်တိုင်းကွင်း၊ လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပခဲ့သည်။
 
 
 
ကရာတေးပြိုင်ပွဲကို ကုမီတဲ့ (တိုက်ခိုက်ရေး) နှင့် ခတအားကစားနည်း ခေါင်းစဉ်ဖြင့် လာရောက်ယှဉ်ပြိုင်သည့် ကရာတေး အားကစားသမားများမှ တောင်ကြီး၊ ရှှေညောင်၊ ဟိုပုံးမြို့နယ်မှာ ကျောင်းသား/ကျောင်းသူများနှင့် ကရာတေး အားကစားသမားများ လာရောက်ယှဉျပြိုင်နေကြကြောင်း သိရသည်။ မြို့နယ်အဆင့် ကရာတေး လက်ရွေးစင် ရွေးချယ်ရေး ပြိုင်ပွဲတွင် ဆုရရှိသောကို ကရာတေး အားကစားသမား များကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ပြည်နယ်/မြို့နယ် ကရာတေးဥက္ကဌနှင့် အဖွဲ့ဝင်များက ဆုရကရာတေး အားကစားသမားများအား အသီးသီးဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။ ပြိုင်ပွဲကို ကရာတေး အားကစားသမားများ စုစုပေါင်း (၇၆) ယောက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
 
 
 
စိုင်းသန်းကျော်(တောင်ကြီး)

back to top Eng