skip to content
ရန်ကုန် ဇွန်လ (၉)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ပံ့ပိုးကူညီမှု့ဖြင့်မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ကရာတေးပြိုင်ပွဲနှင့် နောက်ဆုံးဗိုလ်လုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ၃နာရီကရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်တက်ရောက်ကြည့်ရှုအားပေး ကာဆုများ ချီးမြှင့်ပေးသည် ။
 
ဆက်လက်ပြီး Senior တန်း အမျိုးသား/အမျိုးသမီးတစ်ဦချင်း ''ခတ''နှင့်''ကုမိတဲ့'' ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး အသင်းလိုက် ''ကုမိတဲ့''နှင့် အသင်းလိုက် ဗိုလ်လုပြိုင်ပွဲများ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲများအပြီး ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသား /အမျိုးသမီး အသက် (၁၀, ၁၂, ၁၄)နှစ်တန်းနှင့် သက်ငယ်တန်း ''ကုမိတဲ့''နှင့် ''ခတ'' ပြိုင်များတွင်ပထမ၊ ဒုတိယ နှင့်ပူးတွဲတတိယဆုရရှိသူများအားလည်းကောင်း၊  အမျိုးသမီးSenior  တန်း ''ခတ'' ပြိုင်ပွဲ ၊အမျိုးသမီးအသင်းလိုက် Senior    ''ခတ'' ပြိုင်ပွဲ  ၊အမျိုးသမီးတစ်ဦးချင်း Senior  တန်း၅၀ကီလို ''ကုမိတဲ့''ပြိုင်ပွဲ ၊ အမျိုးသမီးတစ်ဦးချင်း Senior  ၅၅ကီလို ''ကုမိတဲ့''ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းSenior  ၆၁ကီလိုတန်းအောက် ကုမိတဲ့ပြိုင်ပွဲ၊  အမျိုးသမီးတစ်ဦးချင်း Senior  ၆၁ ကီလိုနှင့်အထက် ''ကုမိတဲ့''ပြိုင်ပွဲ ၊  အမျိုးသားတစ်ဦးချင်းSenior  တန်း ''ခတ''ပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက် Senior  တန်း ''ခတ'' ပြိုင်ပွဲ ၊အမျိုးသားတစ်ဦးချင်း Senior  ၅၅ကီလိုတန်းအောက် ''ကုမိတဲ့''ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း Senior ၆၀ ကီလိုအောက် ''ကုမိတဲ့'' ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း Senior  ၆၇ ကီလိုတန်းအောက် ''ကုမိတဲ့''ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း Senior  ၇၅ကီလိုတန်းအောက် ''ကုမိတဲ့''ပြိုင်ပွဲ၊  အမျိုးသားတစ်ဦးချင်း Senior  ၇၅ကီလိုနှင့်အထက် ''ကုမိတဲ့''ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများအား မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်ကရာတေးဆပ်ကော်မတီမှ တာ၀န်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးနှင့် အဖွဲ့ချုပ်အမှုဆောင်များက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများအသီးသီးချီးမြှင့်ပေးခဲ့သည်။ 
 
 
 
ဆက်လက်ပြီး အမျိုးသမီးအကောင်းဆုံးဆုရရှိသော ကယား (က)အသင်းမှ မေမြန်မာညွန့်ဦးခင်နှင့် အမျိုးသားအကောင်းဆုံးဆုရရှိသူ JKA Mandalay TT အသင်းမှ ကျော်၀င်းသူတို့အား မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဦးစိုးတင့်မှ အကောင်းဆုံးဆုများချီးမြှင့်ပေးသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော် ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော်တို့မှ ရွှေ ၄ ငွေ ၃ ကြေး ၂ခုဖြင့် ပထမတံခွန်စိုက်ဒိုင်းဆု ရရှိသွားသည့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းအား တံခွန်စိုက်ဒိုင်း ချီးမြင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။

back to top Eng