skip to content

ဒေးဒရဲ၊  မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အားကစားခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ မြန်မာ့ရိုးရာသိုင်း၊ မြန်မာ့ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့ စသည့် အားကစားနည်းများကို မတ် ၆ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


back to top Eng