skip to content
 
မန္တလေး ဒီဇင်ဘာ (၂၇)
 
မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ ရွှေမန်းတောင်ဂေါက်ကွင်း၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သောဂေါက်သီး အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှႇင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက အဆိုပါဂေါက်ကွင်းရှိ ခန်းမတွင်ကျင်းပသည်။
 
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားပြီး(၁၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တက်ကသိုလ်များ အားကစား(ဂေါက်သီး)ရိုက်ပြိုင်ပွဲတွင်(ရှှေတံဆိပ်ဆုရ)မောင်လှိုင်မင်းထက်အား ဂုဏ်ပြုဆုချီးမြှင့်ပေးသည်။
 
 
ထို့နောက်မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်မင်းက (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အသက် (၁၈) နှစ်အောက် လူငယ်တစ်ဦးချင်းပြိုင်ပွဲ (Winner) ဆုရှင် မောင်ပြည့်ဖြိုးသူအား လည်းကောင်း၊ အထက်မြန်မာပြည် ဂေါက်သီးရိုက်အဖွဲ့ချုပ် ဥက္ကဌ ဦးတင်ကိုကိုက (၁၉)ကြိမ်မြောက်အာဆီယံနိုင်ငံ တက္ကသိုလ်များ အားကစား(ဂေါက်သီး) ရိုက်ပြိုင်ပွဲတွင် (ငွေတံဆိပ်ဆုရ) မဧကရီဝင်းထွန်းအားလည်းကောင်း၊ မန်းစီးတီးဂေါက်သီးရိုက်အသင်းမှ ဥက္ကဌဦးမြင့်စိုး၊ ဒုတိယဥက္ကဌဦးရွှေမြင့်၊ ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦး တို့က ဆုရရှိသူ(၃)ဦးတို့ကိုလည်းကောင်း ဆုများအသီးသီးချီးမြှင့်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
 
ဇော်လင်းဦး(အောင်စံ)

back to top Eng