skip to content
 
နေပြည်တော်၊ နိုဝင်ဘာ (၁၅)ရက်။
 
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှခြင်းလုံးအဖွဲ့ချုပ်ညီလာခံနှင့် အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီ၌ နေပြည်တော်ရှိ ဥတ္တရသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ညွှန်ကြားရေးမှူးချုပ်  ဦးမျိုးလှိုင်နှင့် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်နှင့် ဒုတိယဥက္ကဌ၊ DATO ABDUL HALIN နှင့် အဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများမှ အိုလံပစ်ကော်မတီ အတွင်းရေးမှူးများ၊ အရှေ့တောင်အာရှနိုင်ငံများ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ အခမ််းအနားအစီအစဉ်အရ အခမ်းအနားတက်ရောက်လာကြသူများ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်မှာ အာရှခြင်းလုံးအဖွဲ့ချုပ်၏ အခန်းက@များ ပိုမို သက်ဝင်လှုပ်ရှား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရှေ့တောင်အာရှ ခြင်းလုံး အဖွဲ့ချုပ်ကို ဖွဲ့စည်းနိုင်ရေးပင် ဖြစ်ပါကြောင်း၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေဖြစ်သော မြန်မာ ခြင်းလုံးအားကစားကို အရှေ့တောင်အာရှနို်င်ငံများ၌ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိပြီး ခြင်းလုံး အားကစားကို ပိုမို စိတ်ဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကစားလာကြစေရန် ရည်ရွယ်ပါကြောင်း၊ ကုန်ကျ စရိတ်နည်းပါးပြီး အလွယ်တကူ ယှဉ်ပြိုင်ကစားရန် အကောင်းဆုံးအားကစားနည်း ဖြစ်ပါကြောင်း တက်ရောက်လာကြသော လူကြီးမင်းများမှ မြန်မာတို့၏ ရိုးရာခြင်းလုံးအားကစားနည်း ဖွံ့ဖြိုး တိုးတက်ရန် ဝိုင်းဝန်းကူညီ ဆွေးနွေးကြစေလိုကြောင်း ပြောကြားပါသည်။
 
 
ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဘက်အထွေထွေအတွင်းရေးမှူးမှ ခြင်းလုံး အားကစားနည်းအကြောင်းကို ရှင်းလင်းပြောကြားပြီး နိုင်ငံတကာပြိုင်ပွဲများအား ထပ်မံထည့်သွင်းကျင်းပနိုင်ရေး ပြောကြားပါသည်။ ဆက်လက်၍ အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားနှင့် ခြင်းလုံးအားကစားနည်း ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် အာရှ ခြင်းလုံးအဖွဲ့ချုပ်ကို အဖွဲ့ဝင် (၁ဝ)နိုင်ငံဖြင့် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ခြင်းလုံးအားကစားနည်း စဉ်ဆက်မပြတ် ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ်ကို မဖြစ်မနေဖွဲ့စည်းနိုင်ရေးတွင် တက်ရောက်ကြသော အရှေ့တောင်အာရှ နိုင်ငံများ အိုလံပစ်ကော်မတီမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဌ DATO ABDUL HALIN မှ အာရှခြင်းလုံးအဖွဲ့ချုပ်၏ လှုပ်ရှားမှုများ ပြိုင်ပွဲများ ကျင်းပနိုင်မှု အခြေအနေ SEA Games  ပြိုင်ပွဲများ စဉ်ဆက်မပြတ် ပါဝင်နိုင်ရေး ASIAN Games ပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။ 
 
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော အာရှ/ အရှေ့တောင်အာရှနိုင်ငံများ အိုလံပစ်ကော်မတီ အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပါသည်။
 
အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ်အား အဖွဲ့ဝင်(၁၁) နိုင်ငံပါဝင်ဖွဲ့စည်းနိုင်ခဲ့ပြီး ဥက္ကဌအဖြစ် မြန်မာနိုင်ငံမှ ဦးကျော်မင်းထွန်းနှင့် အတွင်းရေးမှူး ဒေါက်တာပြည့်ဖြိုးအောင်တို့အား ခန့်အပ်ရန် သဘောတူခဲ့ကြကြောင်းသိရှိရပါသည်။
 

back to top Eng