skip to content
 
နေပြည်တော်၊ ဒီဇင်ဘာလ(၁၆)ရက်။
 
"တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်မြန်မာ့ အားကစားလောကအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစား လှုပ်ရှားမှုများ'' အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း လူထု စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅း၃ဝ)မိနစ်တွင် နေပြည်တော် မြို့မစျေးရှေ့မှ စတင်တာလွှတ်ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှှိုင်၊  ဝန်ကြီးဌာနပေါင်းစုံမှဝန်ထမ်းအကြီးအကဲများ၊ ဝန်ထမ်းများ၊ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၁၁ဝဝဝ)ခန့် တပျော်တပါး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါသည်။
 
 
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲကို နေပြည်တော် မြို့မစျေးရှေ့ နံနက် (၅း၃ဝ)တွင် စတင်တာလွှတ်ရာ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြ သူများသည် နေပြည်တော်မြို့မစျေးစုရပ်မှတစ်ဆင့် ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း သပြေကုန်း အဝိုင်းကို ကျော်လွန်၍ မဏိရတနာကျောက်စိမ်းခန်းမရှေ့တွင် ပန်းဝင်ကြပါသည်။ လူထုစုပေါင်း လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား မဏိရတနာ ကျောက်စိမ်းခန်းမရှေ့ ပန်းဝင်ရာနေရာ တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကတာဝန်ရှိသူတို့မှ ရေသန့်ဘူးနှင့်မုန့်များကို ပေးဝေကြပါသည်။
 
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ñွှန်ကြားရေးမှူးချုပ် ဦးမျိုးလှှိုင်နှင့်  လူထုစုပေါင်းလမ်းလျှောက်ပွဲ တွင် ပါဝင်ဆင်နွှဲကြသူများသည် မဏိရတနာကျောက်စိမ်း ခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)နှင့် (၂)တို့ကို စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 

back to top Eng