skip to content
 
နေပြည်တော်၊ ဒီဇင်ဘာလ(၉)ရက်။
 
''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်မြန်မာ့အားကစားလောက အဆင့်အတန်းမြင့်မားစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစား လှုပ်ရှားမှုများ'' အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း လူထု စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅း၃ဝ)မိနစ်တွင် နေပြည်တော် မြို့မစျေးရှေ့မှ စတင်တာလွှတ်ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဝန်ကြီးဌာနပေါင်းစုံမှဝန်ထမ်းအကြီးအကဲများ၊ ဝန်ထမ်းများ၊ လုပ်သားပြည်သူ များ စုစုပေါင်းအင်အား (၁၁ဝဝဝ)ကျော် တပျော်တပါး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါသည်။
 
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲကို နေပြည်တော် မြို့မစျေးရှေ့ နံနက် (၅:၃ဝ)တွင် စတင်တာလွှတ်ရာ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြ သူများသည် နေပြည်တော်မြို့မစျေးစုရပ်မှတစ်ဆင့် ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း သပြေကုန်း အဝိုင်းကို ကျော်လွန်၍ မဏိရတနာကျောက်စိမ်းခန်းမရှေ့တွင် ပန်းဝင်ကြပါသည်။ လူထုစုပေါင်း လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား မဏိရတနာ ကျောက်စိမ်းခန်းမရှေ့ ပန်းဝင်ရာနေရာ တွင် အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ရှိသူတို့မှ ရေသန့်ဘူးနှင့် မုန့်များကို ပေးဝေကြပါသည်။
 
 
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်  လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများသည် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအတွဲ (၁)နှင့် (၂)တို့ကို စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng