skip to content


 

မန္တလေး ဖေဖေါ်ဝါရီ ၁၂။

 

၂၀၁၉ ခုနှစ် ၇၂နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် "Myanmar Union Day Peace Run" ၅ကီလိုမီတာ အမျိုးသား အမျိုးသမီးအသက်၁၈နှစ်အောက် လူသစ်တန်းအပြေးပြိုင်ပွဲကို ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီ ၁၂ရက်နံနက် ၆နာရီက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့စုရပ်နေရာ၌ ကျင်းပရာ ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ အပြေးသမား မောင်မယ် ၃၀၀၀ ကျော်တို့သည် သတ်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူကြသည်။

 

 

ထို့နောက် အချက်ပြစင်မြင့်ထက်မှ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မှ အချက်ပြ သေနတ်ပစ်ဖောက်၍ စတင်တာလွတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် အပြေးသမားများက စုရပ်မှ ကျုံးတောင်ဘက် ၂၆လမ်းအတိုင်း အနောက်ဘက်လမ်း ၈၀မှ ကျုံးမြောက်ဖက် ၁၂လမ်းသို့ ထိုမှ အပြေးလမ်းကြောင်းအတိုင်းပြေး၍ ရတနာပုံတိစ္ဆာ ဥယျာဉ်ရှေ့ နေရာအထိ ယှဉ်ပြိုင်ပန်းဝင်ခဲ့ကြသည်။

 

ပြိုင်ပွဲအပြီး ဆုပေးပွဲဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အမျိုးသားပြိုင်ပွဲတွင် ပထမဆုရခွန်သိန်းသန်းအောင်(အထက-၂၄)အား ဆုငွေကျပ်၃သိန်း၊ ဆုတံဆိပ်နှင့် ဆုလက်ဆောင်၊ ဒုတိယဆုရ အိုက်ဆေး(အထက-၅)အားဆု ငွေကျပ်၂ သိန်း၊ဒုတိယဆုတံဆိပ်နှင့် ဆုလက်ဆောင်၊ တတိယဆုရ ကိုရှိုင်း (အထကခွဲ-၂၅)အား ဆုငွေကျပ်၁သိန်း တတိယဆုတံဆိပ်နှင့် ဆုလက်ဆောင်တို့ကိုလည်းကောင်း အမျိုးသမီးပြိုင်ပွဲတွင် ပထမ ဆုရ မတင်ယု(အထက-၁၀) အားဆု ငွေကျပ်၃သိန်း၊ ပထမဆုတံဆိပ်နှင့် ဆုလက်ဆောင်၊ ဒုတိယဆုရ အေးအေးအောင်(အထကခွဲ-၂၅)အား ဒုတိယဆု ငွေကျပ်၂သိန်း ဒုတိယဆုတံဆိပ်နှင့် ဆုလက်ဆောင်၊ တတိယဆုရ ပန်းအိဖြူ (ပုသိမ်ကြီးအထက)အား တတိယဆု ငွေကျပ်တစ်သိန်း တတိယဆုနှင့် ဆုလက်ဆောင်တို့ကို ပေးအပ်ချီးမြှင့်ပြီး ဆုရအားကစားသမားများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများက အမျိုးသားအမျိုးသမီးပြိုင်ပွဲမှ ကျန်ဆုရရှိကြသော အဆင့်၄မှအဆင့် ၁၀အထိ ၇ဦးတို့အား ၅သောင်းကျပ်နှုန်း၊ အဆင့်၁၁မှ ၂၀အထိ ၁၀ဦး တို့အား ၃သောင်းကျပ်နှုန်း၊ အဆင့်၂၀မှ အဆင့်၅၀အထိ ၃၀ဦးတို့ကို ကျပ်တစ်သောင်းနှုန်းဆုများ၊ အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်အားလုံးနှင့် အားပေးကြသူများကို စေတနာရှင်များက မိုင်လိုအအေးဘူးများနှင့် ရေသန့်ဘူးများ အကိုက်အခဲဆေးများ ပေးဝေခဲ့ကြောင်း သိရသည်။

ကြေးမုံသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။


back to top Eng