skip to content

၁၇ ဒီဇင်ဘာ

၂၀၁၉ ဗီယက်နမ် BTV Cup ပြိုင်ပွဲ တတိယလုပွဲကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာ ယူ-၁၉ အသင်းသည် ကမ္ဘောဒီးယား ယူ-၁၉ အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး တတိယဆုရရှိခဲ့သည်။
                           

မြန်မာ ယူ-၁၉ အသင်းသည် တတိယလုပွဲတွင် အမှားအယွင်းအနိုင်ယူကာ တတိယဆုရရှိခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲကတည်းက ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှ အရေးနိမ့်ခဲ့သည့် မြန်မာအသင်းသည် ပုံစံကောင်း ဆက်လက်ပြသနိုင်ခဲ့ပြီး ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
 

မြန်မာအသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ၂၁ မိနစ်တွင် လမင်းထွေး သွင်းယူသည့်ဂိုးဖြင့် ပထမပိုင်းတွင် အနိုင်ရနေသည်။ ဒုတိယပိုင်းတွင် အပြန်အလှန်သွင်းဂိုးများကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၄၈ မိနစ်တွင် ဟိန်းထက်အောင်၊ ၆၁၊ ၇၇ မိနစ်တွင် လမင်းထွေးတို့က ထပ်မံသွင်းယူကာ တိုက်စစ်မှူး လမင်းထွေးမှာ ဟက်ထရစ်ရရှိခဲ့သည်။


ကမ္ဘောဒီးယားအသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးနှစ်ဂိုးပြန်သွင်းနိုင်သော်လည်း မြန်မာအသင်းက အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့သည်။ ယခုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် လမင်းထွေးသည် အကောင်းဆုံး
ကစားသမားဆုရရှိခဲ့သည်။

 

ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက် (ယနေ့ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ


back to top Eng