skip to content

မန္တလေး  ဒီဇင်ဘာ  ၂၃

လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး   ခရိုင်ကျောင်းပေါင်းစုံ အသက် ၁၂ နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲကို  Youth Development  Pilot  Project  (YDPP)  ကော်မတီ(မန္တလေး)မှ ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း သိရသည်။ YDPP ကော်မတီမှ သင်တန်းပေးနေသော ကျောင်းသားများမှာ  မန္တလေးခရိုင် ကိုယ်စားပြုယှဉ်ပြိုင်မည်ဖြစ်ပြီး  ပြိုင်ပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။ ဒီဇင်ဘာလ၏ ထူးခြားအားကစားလှုပ်ရှားမှုအဖြစ် အားကစားနှင့်ပညာရေးပေါင်းစပ်ညိႇနှိုင်းကျင်းပသည့် ပြိုင်ပွဲလည်းဖြစ်သည်။  ယင်းပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲသာမက စာပေဟောပြောပွဲနှင့်လာရောက်ယှဉ်ပြိုင်သော ခရိုင်ပေါင်းစုံမှ ကျောင်းသားများ၊ ဆရာများနှင့် နည်းပြများ တွေ့ဆုံနှီးနှောဖလှယ်နိုင်မည့်ဆွေးနွေးပွဲများကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်သကဲ့သို့  တခြားခရိုင်မှ   လာရောက်ယှဉ်ပြိုင်မည့်  ကျောင်းသားများအား စာအုပ်များ လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။

Crd:myawadynews


back to top Eng