မန္တလေး ဇန်နဝါရီ ၅။
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၁၂ နှစ် အောက် (၇)ခရိုင် ကျောင်းပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပြင်ဦးလွင် ခရိုင်အသင်းနှင့် မိတ်ထီလာခရိုင် အသင်းတို့ ယနေ့ ညနေ ၃ နာရီက မန်တလေး အောင်မြေသာစံမြို့နယ်ရှိ မန်းတောင် အားကစားကွင်း၌ ကျင်းပရာ ပြင်ဦးလွင် ခရိုင်အသင်းက သုံးဂိုး-တစ်ဂိုး ဖြင့် ယှဉ်ပြိုင်အနိုင်ရ ဗိုလ်စွဲသွားသည်။
ပြိုင်ပွဲအပြီး ဆုချီးမြႇင့်ပွဲကို ဆက်လက် ကျင်းပရာ ပွဲစဉ်လျှောက်နေရာ အလိုက်ဆုရရှိကြသော ဂိုးဆုရ မိတ္ထီလာခရိုင်မှ စိုင်းစိုင်း၊ နောက်တန်းဆုရ ကျောက်ဆည်ခရိုင်မှ ချမ်းသူ၊ အလယ် တန်းဆုရ ပြင်ဦးလွင်ခရိုင်မှ ဖုန်းမြတ်သျှန်၊ ရှေ့တန်းဆုရ မြင်းခြံခရိုင်မှ ရဲနောင်၊ ပွဲစဉ် တလျှောက် အကောင်းဆုံးကစားသမားဆုရ ပြင်ဦးလွင်ခရိုင်မှ အောင်အောင် တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်နှင့် ဦးငြိမ်းသစ်၊ KT ဆောက်လုပ်ရေးမှ ဦးကျော်သက်လှိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ကျော်ဦးနှင့် ဦးဇော်ဇော်အောင်တို့က တစ်ဦးချင်း ထူးခွၽန်ဆုများနှင့် ဆုငွေများ ပေးအပ်ချီးမြႇင့်ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရ မြင်းခြံခရိုင်နှင့် ကျောက်ဆည်ခရိုင် အသင်းတို့ကို တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဆုငွေကျပ်တစ်သိန်း ခွဲစီနှင့် ဒုတိယဆုရ မိတ္ထီလာခရိုင်အသင်းမှ အားကစားသမားများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက တစ်ဦးချင်းဆုများကို ချီးမြႇင့်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဆုရ အသင်းအား ဆုငွေကျပ် ငါးသိန်းချီးမြႇင့် ခဲ့သည်။
ယင်းနောက် အိမ်ရှင်မန္တလေးခရိုင် အသင်းအား ပြိုင်ပွဲ အဓိကပံ့ပိုးအလှူရှင် YDPP ကော်မတီဥက္ကဌ ဒေါ်မေမြတ်နွယ် (သံလွင်မြန်မာ)က ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး ပထမဆုရ ပြင်ဦးလွင်ခရိုင်အသင်းမှ အားကစားသမားများကို တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌဒေါက်တာ ခင်မောင်ဌေးက တစ်ဦးချင်း ဆုတံဆိပ်များ ချီးမြႇင့်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပထမဗိုလ်စွဲ ခဲ့သည့် ပြင်ဦးလွင်ခရိုင်အသင်းကို ပထမ တံခွန်စိုက်ဆုဖလားနှင့် ဆုငွေကျပ် ၁ဝ သိန်း ပေးအပ်ချီးမြႇင့်ခဲ့ကြောင်း သိရသည်။