အောင်မြေသာစံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲကို ယနေ့ညနေပိုင်းက အောင်မြေမန္တလာအားကစားခန်းမ၌ကျင်းပရာ မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်အားကစားသမား ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ သက်ကြီးတန်း ၆၁-၆၅ ကီလိုတန်း၊ ၅၇-၆၁ ကီလိုတန်း၊ ၄၀-၄၃ ကီလိုတန်း၊ ၄၄-၄၇ ကီလိုတန်းပြိုင်ပွဲများမှ ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုတံဆိပ်၊ ဆုငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။