skip to content
 
မိုးကောင်း ဇန်နဝါရီ (၁)
 
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၀)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီတွင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
 
 
 
အဆိုပါဘောလုံးပြိုင်ပွဲကို လူငယ်အသင်း ပေါင်းစုံ အုပ်စု (၂)စု (၈)သင်း ပတ်လည် တစ်ရက်ပွဲစဉ် (၄)ခုဖြင့် ဇန်နဝါရီ (၁)ရက်မှ (၃)ရက်ထိ စုစုပေါင်းပွဲစဉ် (၁၅)ခု ယှဉျပြိုင် ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို လွတ်လပ်ရေးနေ့ ညနေပိုင်း၌ ယှဉ်ပြိုင်ဆု ချီးမြှႇင့်သွားမည် ဖြစ်ကြောင်း သိရသည်။
 
သန်းလွင်ဦး(ပြန်/ဆက်)

back to top Eng