skip to content
 
မြစ်သားမြို့နယ်၊ ဒီဇင်ဘာ (၁) ရက်။
 
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဒီဇင်ဘာလ စုပေါင်းလမ်းလျှောက်ပွဲကို ပထမအပတ်အဖြစ် စတင်ဆင်နွှဲကြသည်။ မြစ်သားမြို့ မီးရထားသံလမ်းဆုံရှေ့ စုရပ်နေရာ၌ ပြုလုပ်ရာ လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူ ပြည်သူ (၁၀၀၀)ကျော် ပါဝင်ခဲ့သည်။
 
အဆိုပါလမ်းလျှောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့ဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးကျော်ဟန်စိုးနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ၊မြို့ခံ ရပ်မိရပ်ဖများ၊ ကျောင်းသား/သူများသည် သက်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လမ်းလျှောက်ပွဲကိုစတင်ဆင်နွှဲကြသည်။
 
 
 
မြစ်သားမြို့အဝင်ဆိုင်းဘုတ်နေရာအထိ လမ်းလျှောက်ခဲ့ကြပြီး ပျော်ရှှင်စွာစုပေါင်းဆင်နွှဲ၍ မြို့နယ်အားကစားကွင်းထဲသို့ ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင့်ခန်းများပြုလုပ်ကြပြီး ဆင်နွှဲပါဝင်ကြသည့် လမ်းလျှောက်သူများကိုမြို့နယ်ထွေ/အုပ်မှ ကောက်ညႇင်းပေါင်းနှင့်အကြော်များ ကျွေးမွေးခဲ့ပါသည်။
 
အဆိုပါပွဲကို ဒီဇင်ဘာလ၏ စနေနေ့တိုင်းတွင် ကျင်းပမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ပါကြောင်း အသိပေးနိုးဆော်အပ်ပါသည်။

back to top Eng