skip to content
 
ရန်ကုန် ဧပြီ (၅)
 
မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲ ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ ၌ ကျင်းပရာ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင် နှင့် အဖွဲ့ဝင်များ၊ မြန်မာ့လက်ရွေးစင် ခြင်းလုံးအားကစားသမားများ၊ အစုအဖွဲ့ များမှ အရွေးခံမည့်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံး ဆပ်ကော်မတီအစုအဖွဲ့များ၊ နည်းပြနှင့် ဒိုင်အစုအဖွဲ့များ တက်ရောက်ကြသည်။ 
 
ရှေးဦးစွာ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ် တင်မြှောက်ရေး ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် ဦးအောင်ဒင်က အမှာ စကားပြောကြားပြီး အဖွဲ့ဝင် ဦးဘန်နီ တင်အောင်က ရွေးကောက်ပွဲလုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။ 
 
ဆက်လက်၍ အလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲနှိုက်ရွေးချယ်တင်မြှောက် ကြရာ ဦးစိုးနိုင်(ဥက္ကဋ္ဌ)၊ ဦးရဲအောင် (ဒုတိယဥက္ကဋ္ဌ-၂)၊ ဦးဌေးအောင် (ဒုတိယ-၃)၊ ဦးထွန်းဝင်း(ခ)ဦးမြင့်လွင် (ဒုတိယဥက္ကဋ္ဌဥက္ကဋ္ဌ-၄)၊ ဦးကိုကို အောင် (အတွင်းရေးမှူး)၊ ဦးကျော်ညွန့် (ဘဏ္ဍာရေးမှူး)နှင့်အတူ အလုပ်အမှု ဆောင် စုစုပေါင်း ၁၆ ဦးတို့အား ဧပြီ ၅ ရက်၌ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်။ 
 
ယင်းနောက် ရွေးချယ်တင်မြှောက်ခံ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်က ခြင်းလုံးအားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ အားကစားအဖွဲ့ချုပ်များ ပြန်လည်ဖွဲ့စည်းခဲ့သည်မှာ ၄၄ ခုမြောက် အားကစားအဖွဲ့ချုပ်ဖြစ်ကြောင်း သိရသည်။ 
 
#သတင်းနှင့်ဓာတ်ပုံ-ဗလစိုး

back to top Eng