skip to content

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၀)ရက်။       

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှကျင်းပသည့် ၂၀၂၀ပြည့်နှစ်၊ မြန်မာနိုင်ငံပြေးခုန်ပစ် ဥက္ကဌဖလားဝန်ကြီးဌာနပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးရှိန်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ အသီးသီး တက်ရောက်ကြည်ရှု့ခဲ့သည်။ 

 

ယနေ့ ပြိုင်ပွဲများအဖြစ် မာရသွန်(ကျား/မ)၊ လှံတံပစ်(ကျား/မ)၊ မီတာ ၁၀၀ (ကျား/မ)၊ တန်းမြင့်ခုန်(မ)၊ မီတာ၄၀၀တန်ကျော်ပြေး(ကျား/မ)၊ မီတာ ၁၅၀၀ (ကျား/မ)၊ သုံးဆင့်ခုန်(ကျား)၊ မီတာ၁၀၀(ကျား/မ)၊ မီတာ၄၀၀x၄ လက်ဆင့်ကမ်း(ကျား+မ) ကျင်းပခဲ့သည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ရာအမျိုးသား အမျိုးသမီးမာရသွန်ပြိုင်ပွဲတွင် ပထမ အေးအေးသန်း(ပြည်ထဲရေး)၊ ဒုတိယ ဇင်မာချို(ကာကွယ်ရေး)၊ တတိယ သီတာချို(ပြည်ထဲရေး)၊ အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ပထမ ခင်ရှင်းစမုန်(စည်ပင်)၊ ဒုတိယ ပြည့်ဖြိုးအောင်(ကျန်းမာရေးနှင့်အားကစား)၊ တတိယ ပေါင်စွမ်းလျှံ(ကာကွယ်ရေး)၊ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ ဖြူပြာမြင့်(ကာကွယ်ရေး)၊ ဒုတိယ အေးချယ်ရီမြင့်(ကာကွယ်ရေး)၊ တတိယ နန်းခမ်းထွေး(တံခွန်စိုက်) ၊ အမျိုးသမီး မီတာ၄၀၀တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမ နှင်းဝေရီ(ပြည်ထဲရေး)၊ ဒုတိယ အိသက် လွင်(ကာကွယ်ရေး)၊တတိယ လဲ့လဲ့နိုင်(ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး) ၊ အမျိုးသား မီတာ၄၀၀တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမ ကျော်မျိုးမင်း(စည်ပင်)၊ ဒုတိယ အာဆန်းဖာ(စည်ပင်)၊ တတိယသော်တာစိုး(ကာကွယ်ရေး)၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ပထမအေးချမ်းဗိုလ် (ဆောက်လုပ်ရေး)၊ ဒုတိယခင်နှင်း သန့်(စိုက်/မွေး/ဆည်)၊ တတိယဖရန်စစ္စတာ(ကာကွယ်ရေး)၊ အမျိုးသမီး မီတာ ၁၅၀၀ပြိုင်ပွဲတွင် ပထမဆွေလီမြင့်(ပြည်ထဲရေး)၊ ဒုတိယနှင်းယုစိုး(ကာကွယ်ရေး)၊ တတိယ အေးအေးအောင်(ပြည်ထဲရေး)၊ အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ ဟိန်းထက်အောင်(ပြည်ထဲရေး)၊ ဒုတိယ သူရိန်ထွန်း(ပြည်ထဲရေး)၊ တတိယ နိုင်လင်းဟိန်း(ကာကွယ်ရေး)၊ အမျိုးသား မီတာ ၁၅၀၀ပြိုင်ပွဲတွင် ပထမ ဇာနည်ထွန်း(စည်ပင်)၊ ဒုတိယ မင်းမင်းဇော်(စည်ပင်)၊ တတိယ ဖြိုးဝေအောင်(ပြည်ထဲရေး)၊ အမျိုးသမီး မီတာ ၁၀၀ပြိုင်ပွဲတွင် ပထမ သိမ့်သိမ့်စံ(ကာကွယ်ရေး)၊ ဒုတိယ မေမြတ်နိုး(ပြည်ထဲရေး)၊ တတိယ နှင်းထက်ထက်လှိုင်(ကာကွယ်ရေး)၊ အမျိုးသား မီတာ၁၀၀ ပြိုင်ပွဲတွင် ပထမ လွင်မိုး (ဆောက်လုပ်ရေး)၊ ဒုတိယ ထက်ရှိုင်းအောင်(စည်ပင်)၊ တတိယ ဟိန်းပြည့်စုံ(တံခွန်စိုက်)၊ အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ပထမ ပပဦး(ပြည်ထဲရေး)၊ ဒုတိယ သွယ်သွယ်မိုး(ကာကွယ်ရေး)၊ တတိယ အေးအေးမောင် (ဆောက်လုပ်ရေး)တို့အား တာဝန်ရှိသူများ ဆုများပေးအပ်ခဲ့သည်။

 

ဆက်လက်၍ အမျိုးသား မာရသွန်ပြိုင်ပွဲတွင် ပထမ စိုးပိုင်(ကာကွယ်ရေး)၊ ဒုတိယ မျိုးမင်း(ကာကွယ်ရေး)၊ တတိယ ဆန်းနိုင်(စည်ပင်)တို့အား ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းမှလည်းကောင်း၊ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ပထမ ရဲထက်အောင်(ပြည်ထဲရေး)၊ ဒုတိယ စောဒီ ဇင်ဘာသိန်း(စည်ပင်)၊ တတိယ‌ အောင်မျိုးမင်း (စည်ပင်) တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်းမှလည်းကောင်း၊ အမျိုးသား+အမျိုးသမီး မီတာ၄၀၀x၄လက်ဆင့်ကမ်း ပြိုင်ပွဲတွင်  ပထမ(ကာကွယ်ရေးဝန်ကြီးဌာနအသင်း)၊ ဒုတိယ(ပြည်ထဲရေးဝန်ကြီးဌာနအသင်း)၊ တတိယ(ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအသင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြင့်ခဲ့သည်။

ဆက်လက်၍ ရမှတ်(၁၈၅)မှတ်ဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရရှိ သွားသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား ပြည်ထဲရေးဝန်ကြီးဌာန ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်းမှလည်းကောင်း၊

ရမှတ် (၁၆၇)မှတ်ဖြင့် အမျိုးသား တံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊

ရမှတ် (၂၇၉)မှတ်ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်းမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၀ပြည့်နှစ်၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဌဖလားနှင့် (၆၅)ကြိမ်မြောက်၊ အမျိုးသား တံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ)ပြေးခုန်ပစ်ပြိုင်ပွဲတွင် ကြိုးတပ်သံလုံးပစ် အားကစားနည်းတွင် ရဲထက်အောင်(ပြည်ထဲရေး)မှ ၂၀၁၉ခုနှစ် ၄င်းတင်ထားသောစံချိန် (51.44မီတာ)အား (55.05မီတာ)ဖြင့်လည်းကောင်း၊ အမျိုးသမီးကြိုးတပ်သံလုံးပစ်အားကစားနည်းတွင် ပပဦး(ပြည်ထဲရေး)မှ ၂၀၁၇ခုနှစ် တွင် အမ်စိုးဇာ(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန) တင်ထားသော ဝန်ကြီးဌာန စံချိန် (43.96မီတာ)အား (45.35မီတာ)ဖြင့်လည်းကောင်း၊ အမျိုးသမီး မီတာ၃၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲတွင် နှင်းယုစိုး(ကာကွယ်ရေး)မှ ၂၀၁၉ခုနှစ် ဝန်ကြီးဌာနပြိုင်ပွဲတွင်  အေးအေးမြို့(ပြည်ထဲရေး) တင်ထားသော စံချိန်(11:17.89)မိနစ်အား (11:12.24)မိနစ်ဖြင့် စံချိန်သစ် အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိသည်။

 


back to top Eng