skip to content

ရန်ကုန်၊ ဇွန်လ( ၁၇  )ရက်။                 

မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ်အားကစားလှုပ်ရှားမှုသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီက ရန်ကုန်မြို့ သဃင်္န်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ် ခဲ့သည်။

သရုပ်ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနို်င်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းအမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဌ ဒေါ်မာလာဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အားကစား မောင်/မယ်များ တက်ရောက်ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးမှ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သရုပ်ပြပွဲ ကျင်းပရခြင်းရှင်းလင်း ပြောကြားပြီးနောက် သရုပ်ပြသကြမည့် အားကစားအဖွဲ့များအား  ဂုဏ်ပြုမှတ်တမ်းလွှာများကို ဥက္ကဌဒေါ်ခင်လေးမှ ပေးအပ်ခဲ့သည်။    

ဆက်လက်ပြီး အားကစားသရုပ်ပြသကြရာ ပထမဦးစွာ ဆရာကြီးဦးခင်မောင်ဆွေ၏ အခြေခံယောဂကျင့်စဉ်သရုပ်ပြသခြင်း၊ Dancin Queen အားကစားအဖွဲ့၊ ဆုံဆည်ရာ အားကစားအဖွဲ့၊ ပုလဲ(သက်ငယ်/သက်ကြီး) အားကစားအဖွဲ့တို့က အားကစားသရုပ်ပြသကြပြီးနောက် Real Fitness နှင့် Unity & Health အဖွဲ့တို့နှင့် ဦးဆောင်၍ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေးတို့နှင့်အတူတက်ရောက်လာသော ဧည့်သည်တော်များနှင့် တစ်ပျော်တစ်ပါး စုပေါင်းကာ Zumba Music Dancing  ဖြင့် စုပေါင်း ပါဝင်ဆင်နွှဲခဲ့ကြောင်းသတင်းရရှိသည်။


back to top Eng