skip to content
 
ရန်ကုန်၊ ဇန်နဝါရီလ(၂၂)ရက်။
 
မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်နှင့် Fit Way Gym , VX Supplement  တို့ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံအမျိုးသားတံခွန်စိုက်ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ယမန်နေ့  နေ့လည်(၃)နာရီအချိန်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ  MCC ခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ Seceratory General of World Body  Building and Physique Sports Federation(WBFF), Asian Body Building and Physique Sports Federation (ABPF) , Mr.Datuk Paul Chua  မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်ဥက္ကဌ ဦးညီညီ၊ ဒုတိယဥက္ကဌ ဦးကျော်သန်းနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဝါသနာရှင်များတက်ရောက်ကြသည်။
 
 
ပြိုင်ပွဲအပြီးတွင် Seceratory General of World Body  Building and Physique Sports Federation(WBFF), Asian Body Building and Physique Sports Federation (ABPF) , Mr.Datuk Paul Chua အမျိုးသားကာယဗလပြိုင်ပွဲ (၆ဝ)ကီလိုတန်းတွင် ပထမဆုရ ကျော်မင်းသန်း ခါးနံပါတ်(၁၃)၊ ဒုတိယဆုရ သိန်းထွန်းဦး ခါးနံပါတ်(၁၆)နှင့် တတိယဆုရ ဂျဝါးနော် ခါးနံပါတ်(၁၂)တို့အား ဆုများကိုပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကအမျိုးသားကာယဗလ ပြိုင်ပွဲ (၆၅)ကီလိုတန်းတွင် ပထမဆုရ မောင်မောင်မြင့် ခါးနံပါတ်(၁၆)၊ ဒုတိယဆုရ ကျော်လင်း ခါးနံပါတ်(၁၄)နှင့် တတိယဆုရ မိုးဆွေ ခါးနံပါတ်(၁၉)တို့အားဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံကာယဗလ နှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်ဥက္ကဌ ဦးညီညီ၊ ဒုတိယဥက္ကဌ ဦးကျော်သန်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော်နှင့် တာဝန်ရှိသူများက အမျိုးသားကာယဗလပြိုင်ပွဲ(၇ဝ)ကီလိုတန်းတွင် ပထမဆုရ လမင်းတရာ ခါးနံပါတ်(၃)၊ ဒုတိယဆုရ ချစ်ဖွယ် ခါးနံပါတ်(၄)နှင့် တတိယဆုရ ထွန်းထွန်းဦး ခါးနံပါတ်(၁)၊ အမျိုးသားကာယဗလပြိုင်ပွဲ(၇၅)ကီလိုတန်းတွင် ပထမဆုရ သောင်းတန် ခါးနံပါတ်(၇)၊ ဒုတိယဆုရ သူရိန်ဘို နံပါတ်(၁၂)နှင့် တတိယဆုရ ကျော်ဇေယျာ ခါးနံပါတ်(၁ဝ)၊ အမျိုးသားကာယဗလပြိုင်ပွဲ(၇၅)ကီလိုနှင့်အထက် ပထမဆုရ ဆလိုင်းကျော်မင်း ခါးနံပါတ်(၁၇)၊ဒုတိယဆုရ ခင်မောင်ကျော် ခါးနံပါတ်(၁၆)နှင့် တတိယဆုရ H ဘရန်မိုင်၊ အမျိုးသား Sports Physique ပြိုင်ပွဲတွင် ပထမဆုရ ထွန်းထွန်းဦး ခါးနံပါတ်(၃၁)၊ ဒုတိယဆုရ ငြိမ်းချမ်း ခါးနံပါတ်(၄၃)နှင့် တတိယဆုရ ရှိုင်းထက်အောင် ခါးနံပါတ်(၂၅)၊ အမျိုးသမီးModel Physique ပြိုင်ပွဲတွင် ပထမဆုရ သန္တာဦး ခါးနံပါတ်(၄)၊ ဒုတိယဆုရ ဆုမြင့်ဝင်း ခါးနံပါတ်(၂)နှင့် တတိယဆုရ ခြူးမိုးမင်း ခါးနံပါတ်(၈)နှင့် ၂ဝ၁၈၊မောင်မြန်မာပထမဆုရ (၆ဝ)ကီလိုတန်းမှ ကျော်မင်းသန်း ခါးနံပါတ်(၁၃)တို့အားဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
 

back to top Eng