skip to content

နေပြည်တော်၊ ဇန်နဝါရီလ(၇)ရက်။        

မြန်မာနိုင်ငံ၌ ပထမအကြိမ် ကျင်းပသော "အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ" (Sports Science and Sports Medicine Conference 2020)ကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ (၂၂)ရက်နေ့ နံနက်(၇)နာရီမှ ညနေ(၆)နာရီအထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါညီလာခံသို့ ဟောင်ကောင်၊ မလေးရှား၊ စင်္ကာပူ၊ UK၊ US၊ Korea နိုင်ငံများမှ ပညာရှင် (၁၂)ဦးက လာရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း ညီလာခံတက်ရောက်သူများအား တက်ရောက် ကြောင်း (Certificate) လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး ညီလာခံ၌ မြန်မာဘာသာပြန်စက်များ၊ နားကြပ်များလည်း စီစဉ်ပေးထားမည်ဖြစ်ကြောင်း ၊    အဆိုပါ ညီလာခံ တက်ရောက်လိုသူများသည် ဖုန်းနံပါတ်- ၀၉.၂၅၇၅၇၃၃၄၄၊ ၀၉.၂၅၅၉၆၃၂၀၀ တို့၌ (၄.၁.၂၀၂၀)ရက်နေ့မှ စတင်၍ ငွေကျပ်-၃၅၀၀၀ ပေးသွင်းကာ Register ပြုလုပ်ပေးနကြေောင်း၊ လူဦးရေကန့်သတ်ထားခြင်းကြောင့် (၁၅.၁.၂၀၂၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရန်ဖြစ်ကြောင်း၊ ညီလာခံ၌ ပြခန်းများ၊ GYM များ၊ ကျန်းမာရေးနှင့်သက်ဆိုင်သော အစားအသောက်အချိုရည်များ၊ အားကစားနှင့် ပတ်သက်သော လုပ်ငန်းများ၊ အားကစားကိရိယာဆိုင်များ၊ ဆေးကုမ္ပဏီများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများမှ ပြခန်းများပါဝင်ခင်းကျင်း ပြသကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။    

 


back to top Eng