skip to content

ရန်ကုန်၊ မေလ(၂၄)ရက်။

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့JAPAN နိုင်ငံ All JAPAN JUDO FEDERATION မှ JUDO For Tomorrow အစီအစဉ်အရ ဂျူဒိုမြက်ဖျာများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရန်ကုန်မြို့၊ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ(ပတ္တမြားခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယ ကျောင်းအုပ်ကြီး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဂျုဒို အဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Counsellor Ms. Tomoko Yoshihiro နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အထွေထွေ အတွင်းရေးမှူး ဒေါ်သီသီရှိန်နှင့် ဂျူဒိုအားကစားသမားများ တက်ရောက်ကြသည်။
အစီအစဉ်အရ  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Counsellor Ms. Tomoko Yoshihiro က မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်သို့ ဂျူဒိုမြက်ဖျာများ လှူဒါန်းရခြင်းအကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းမှ ဒီကနေ့ အခမ်းအနားဟာဆိုရင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သာမက မြန်မာ့ဂျုဒိုအားကစားသမားတွေ အားလုံးအတွက် မဂင်္လာရှိသောနေ့ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်အနေဖြင့် ရေရှည်လုပ်ငန်းတစ်ရပ်ဖြစ်တဲ့ မျိုးဆက်သစ်ဂျုဒိုသမားများ စဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေးအစီအစဉ်ကို စနစ်တကျဖြင့် ဂျူဒိုအားကစားတိုးတက် မြင့်မားရေးအတွက် အစဉ်အမြဲကြိုးစား ဆောင်ရွက်လျက်ရှိနေတဲ့အချိန်မှာ အရေးကြီးဆုံး မရှိမဖြစ်လိုအပ်လျက်ရှိသည့် ဂျူဒိုမြက်ဖျာ (Tatami)လှူဒါန်းပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် ကိုင်ပေါက်ချရတဲ့ အားကစားနည်းဖြစ်သည့်အတွက် မဖြစ်မနေ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းလည်းဖြစ်ပါတယ်။ အဖွဲ့ချုပ်အနေဖြင့် ဂျူဒိုကလပ်တွေအများအပြားဖွင့်ချင်ပေမဲ့ ဂျုဒိုမြက်ဖျာ ထောက်ပံ့မပေးနိုင်သည့်အတွက် အားကစားသမားများ ရှာဖွေမှု ထင်သလောက် မရှိပါကြောင်း၊ ယခုဂျပန်နိုင်ငံမှ All JAPAN JUDO FEDERATION မှ ပေးပို့လှူဒါန်းပေးတဲ့ ဂျုဒိုမြက်ဖျာ (Tatami)- ၁၅၅ချပ်ကို လက်ခံရရှိပြီး ယနေ့လှူဒါန်းပေးသည့်အတွက် ဂျုဒိုကလပ်ငယ်တစ်ခုကို (၃၂)ချပ်နှုန်းဖြင့် ကလပ်(၅)ခုလောက် တိုးချဲ့ဖွင့်ခွင့်ရနိုင်မှာဖြစ်တဲ့အတွက် မြန်မာဂျူဒို အားကစားသမားများအတွက် များစွာ အကျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံဂျုဒိုအဖွဲ့ချုပ်အနေဖြင့် ယခုရရှိထားသည့် မြက်ဖျာများကို အမှန်တကယ်လိုအပ်လျက်ရှိသော ဂျူဒိုကလပ်အသင်းများ ဆက်လက်ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်းဖြင့် ကျေးဇူးတင်စကားပြောကြားသွားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့ ဂျပန်နိုင်ငံ All JAPAN JUDO FEDERATIONမှ ပေးပို့လှူဒါန်းသည့် ဂျူဒိုမြက်ဖျာ (Tatami)အချပ်(၁၅၅)ချပ်အား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ Counsellor Ms. Tomoko Yoshihiro ကပေးအပ်လှူဒါန်းရာ အဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 


back to top Eng