skip to content

ရန်ကုန် ဒီဇင်ဘာ ၂၀။

 ဗီယက်နမ်ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မြန်မာယူ-၂၁အသင်းသည် ကာတာယူ-၂၂အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားပြီး ခြေစမ်းပွဲကစားမည့်ရက်ကို ထပ်မံကြေညာမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် မတ်လတွင် အာရှယူ-၂၃ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁အသင်းသည် ဗီယက်နမ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီးနောက် လေ့ကျင့်မှုများ ပြန်လည်စတင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီနှင့် ညှိနှိုင်းမည်ဖြစ်သည်။

မြန်မာယူ-၂၁အသင်းသည် ၂၀၁၉ခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် လေ့ကျင့်မှုများ ပြန်လည်စတင်ရန် စီစဉ်ထားပြီး အာရှယူ-၂၃ ခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူထားကြောင်း သိရသည်။


back to top Eng