skip to content

မနီလာ ဒီဇင်ဘာ ၈

 

အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြေးခုန်ပစ်ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ကလာ့ခ်မြို့၌ ကျင်းပရာ မြန်မာလမ်းလျှောက်အားကစားမယ် သန်းသန်းစိုးက ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

 

အမျိုးသမီး မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ကစားသမားခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗီယက်နမ်ကစားသမားက ၅၂ မိနစ် ၅၉ ဒသမ ၄၅ စက္ကန့်ဖြင့် ရွှေတံဆိပ်၊ သန်းသန်းစိုးက ၅၃ မိနစ် ၂၉ ဒသမ ၈၉ စက္ကန့်ဖြင့် ငွေတံဆိပ်၊ မလေးရှားကစားသမားက ၅၃ မိနစ် ၃၈ ဒသမ ၇၁ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆုရရှိ ခဲ့သည်။

 

ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဇင်မေထက်မှာမူ အဆင့်(၆)နေရာသာရရှိခဲ့သည်။ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် မြန်မာကစားသမား ရဲထက်အောင်က ကြေးတံဆိပ်ဆုရရှိခဲ့သည်။

 

ရှိုင်းထက်ဇော်

 


back to top Eng