skip to content

မိတ္ထီလာ ဇန်နဝါရီ ၂

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းကကြီးမှူး၍ မြို့နယ်(၁၁)မြို့နယ်ရှိ မြင်းစီးကလပ် ၂၆ ခုမှ မြင်းစီးအားကစားသမား များက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ဇန်နဝါရီ ၂ ရက် နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

"မြင်းစီးအားကစားဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက် သစ် မြင်းစီးအားကစားသမားများ ပေါ်ထွက်လာစေရေး နှင့် မြင်းကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းကကြီးမှူး၍ ဖိတ်ခေါ်မြင်းစီးအားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ဖိတ်ခေါ်ပြိုင်ပွဲတွင် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ဧရာဝတီမြင်းစီးကလပ်နှင့်မြစ်သား၊ မြင်းခြံ၊ လှည်းကူး၊ ကျောက်ပန်းတောင်း၊ ပွင့်ဖြူ၊ ပျော်ဘွယ်၊ မလှိုင်၊ သာစည်မြို့နယ်များရှိမြင်းစီးကလပ် ၂၆ ခုမှ မြင်းစီး အားကစားသမားများက လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ မစတင်မီမိတ္ထီလာမြို့နယ်မှ ဒေသခံပြည်သူများ ကြည့်ရှုနိုင်စေရန် အမြင့် တန်းခုန်ကျော်ခြင်းနှင့် မြင်းအက အလှများဖြင့် ပြသခဲ့ကြောင်း" မိတ္ထီလာခရိုင် မြင်းစီး အားကစားအသင်းဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းက ပြော ကြားခဲ့သည်။

ယခုလို မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ကို မကျီး ချောက်ကျေးရွာတွင် လာရောက်ကျင်းပပေးသည့်အတွက် မိမိတို့ ကျေးရွာနှင့်အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူများ သာမကမိတ္ထီလာမြို့ပေါ်မှ ဒေသခံပြည်သူများလည်းမြင်းစီးအားကစားပြိုင်ပွဲကိုမြင်ခွင့်ရသည့်အတွက် အလွန် ပဲပျော်ရွှင်လျက်ရှိကြောင်း မကျီးချောက်ကျေးရွာ ရာအိမ် မှူး ဦးကျော်ဌေးက ပြောသည်။

ဆက်လက်ပြီး ၎င်းက ယခင်ကမြင်းစီးအားကစား ပြိုင်ပွဲများကိုတီဗွီကြည့်မှ မြင်ရပါကြောင်း၊ မြင်း အား ကစားပြိုင်ပွဲအပြင် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခြင်း မရှိ သည့် အမြင့်တန်းခုန်ကျော်ခြင်းများနှင့် မြင်းအကအလှ များကိုလည်းပြိုင်ပွဲမစတင်မီပြသခဲ့သည့်အတွက် အပြင်မှာ လက်တွေ့မြင်ရသည့်အတွက် ဒေသခံပြည်သူများမှာ အလွန် ပျော်ရွှင်ဝမ်းသာလျက်ရှိကြောင်း ပြောသည်။

အဆိုပါ မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲတွင် မြန်မာခြေ(အသားကျ)၊ မြင်းဒုံး (အကြီးတန်း)၊ မြင်းဒုံး (အငယ်တန်း)အဖြစ် ပြိုင်ပွဲအမျိုးအစားသုံးမျိုးခွဲခြား၍ ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြိုင်ပွဲကျင်းပ သွားမည်ဖြစ်ရာဇန်နဝါရီလ ၂ ရက်နေ့တွင် မြင်းဒုံး (အငယ် တန်း)ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

 


back to top Eng