skip to content

ရန်ကုန်၊ ဇူလိုင်လ( ၉ )ရက်။                

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တလီ)မြို့ ၌ ဇူလိုင်လ (၄)ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပခဲ့သည့် 5th ASIAN DRAGON BOAT CHAMPIONSHIPS 2018 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးထွန်းဦး ဦးဆောင်သော မြန်မာ့လက်ရွေးစင် လှေလှော်(ခ)အသင်းသည် ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု ရရှိခဲ့ရာ ယမန်နေ့ ည (၇)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြကာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ နည်းပြဆရာများ၊ လှေလှော် အားကစားသမားများနှင့် အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းသား/ကျောင်းသူများ ၊ မိဘဆွေမျိုးများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာ့လှေလှော်လက်ရွေးစင် (ခ)အသင်းသွားရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲ(၄)မျိုးအနက် မီတာ(၅ဝဝ) အမျိုးသား/အမျိုးသမီး (Mixed) (၁ဝ) တက်ပြိုင်ပွဲ၌ ရွှေတံဆိပ် (၁)ခု၊ မီတာ (၂ဝဝ) အမျိုးသား/အမျိုးသမီး  (Mixed) (၁ဝ) တက်ပြိုင်ပွဲ၌ ငွေတံဆိပ် (၁)ခုနှင့် မီတာ (၅ဝဝ)အမျိုးသား (၁ဝ)တက်ပြိုင်ပွဲ၌ ကြေးတံဆိပ် (၁)ခုရရှိခဲ့ပြီး အဆိုပါပြိုင်ပွဲ၌ လာမည့် သြဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့်  Asian Games အတွက် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ မကာအို၊ ဖိလစ်ပိုင်၊ ဟောင်ကောင်စသော အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Asian Games ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းကြီးအတွက် အားတက် စေခဲ့ကြောင်း သတင်းရရှိသည်။

 


back to top Eng