skip to content
 
မုံရွာ ဩဂုတ် ၂၀
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် မြန်မာ-အိန္ဒိ်ယချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲနှင့် ဂီတဖျော်ဖြေပွဲအား စက်တင်ဘာလ(၁၅)ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင် ၏ပြောကြားချက်အရ သိရသည်။
 
နိုင်ငံအချင်းချင်းကြားပိုမိုအားကောင်းသည့် စီးပွားရေးဖွံ့ဖြိုးမှုကိုအတူတကွဖော်ဆောင်နိုင်ရန်နှင့် နှစ်နိုင်ငံကြား ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေး အတူလက်တွဲ ဖော်ဆောင်နိုင်ရန်အတွက်ရည်ရွယ်၍ အိန္ဒိ်ယနိုင်ငံမဏိပူရ် ပြည်နယ်အတွင်းရှိ အနုပညာရှင်များ၊ဌာနဆိုင်ရာများမှဘောလုံးဝါသနာရှင်များပါဝင်သည့် ဘောလုံးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှအနုပညာရှင်များ၊ ဌာနဆိုင်ရာများမှ ဘောလုံးဝါသနာရှင် ဘောလုံးအသင်းတို့၏ (၂)နိုင်ငံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် ဂီတဖျော်ဖြေပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
 
အိန္ဒိ်ယနိုင်ငံမဏိပူရ်ပြည်နယ်မှ အနုပညာရှင်များ၊ဌာနဆိုင်ရာများမှ ဘောလုံးဝါသနာရှင်များ ပါဝင်သည့် ချစ်ကြည်ရေးအဖွဲ့ (၄၈)ဦးပါဝင်သော အဖွဲ့သည် မုံရွာမြို့သို့ စက်တင်ဘာလ (၁၄)ရက်နေ့ တွင် ရောက်ရှိမည်ဖြစ်ပြီး စက်တင်ဘာလ(၁၅)ရက်နေ့တွင် ဘောလုံးပြိုင်ပွဲနှင့် ဂီတဖျော်ဖြေရေးအစီအစဉ်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
 
ဝင်းဦး(ဇေယျာတိုင်း)

back to top Eng