မြောင်းမြ မတ်လ ၁၈ ရက်။
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် နွေရာသီအားကစားသင်တန်းများမှ တိုက်ကွမ်ဒို အားကစားနည်း သင်တန်းပြီးဆုံးမှု စွမ်းဆောင်ရည်စစ်ဆေးခြင်း ကို 18.3.2019 နေ့ရက် ညနေ (၃)နာရီ အချိန်တွင် နောင်ရိုးခန်းမ (၃) ရှိ တိုက်ကွမ်ဒိုအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းသားသင်တန်းသူများမှ ကကွက်နှင့် အတိုက်ပြိုင်ပွဲများကို အသက်အလိုက် အကြီးတန်း၊ အငယ်တန်းခွဲ ယှဉ်ပြိုင်ကြပြီး မြောင်းမြခရိုင်နှင့် မြို့နယ်အားကစားမှုးများနှင့် နည်းပြများမှ ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။