skip to content

ရန်ကုန်၊ မတ်လ(၁၈)ရက်။

၂ဝ၁၉ခုနှစ်၊ မတ်လ(၉)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ ထိုင်ဝမ်(တရုတ်)နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Taiwan Open (အကြီးတန်း) စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ပထမဆု ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသား အားကစားသမား ကြည်မြင့်အား ဂုဏ်ပြုချီးမြႇင့်ခြင်း အခမ်းအနားကို မတ်လ(၁၇)ရက်နေ့၊ ည(၇)နာရီအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလုံလမ်းမကြီးရှိ ထိုင်း၄၇ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာ သိပ်ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပထမဆုရ ရွှေတံဆိပ်ဆုရှင် ကြည်မြင့်က ပြိုင်ပွဲအတွေ့အကြုံအား ရှင်းလင်းပြောကြားရာတွင် မိမိဘဝအတွက် မမေ့နိုင်သော ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲမသွားခင် ထိုင်ဝမ် (တရုတ်)နိုင်ငံတွင် အသက်အရွယ်(၄ဝ)နှစ်အထက် ပြိုင်ပွဲတွင် ဆုတံဆိပ်တစ်ခုကို ရကောင်းရနိုင်သည်ကို ထင်မိပါကြောင်း၊ ပြိုင်ပွဲမစမီ မိမိအုပ်စုပွဲတွင် အကျပ်အတည်းအုပ်စုဖြစ်ပါသဖြင့် မိမိကိုယ်ကို တတိယအဆင့်လောက် မျှော်လင့်ထားရာ မထင်မှတ်ဘဲ ထိုင်ဝမ်ချန်ပီယံဟောင်းကို ပထမပွဲတွင် ရှုံးနိမ့်ခဲ့သဖြင့် ကံတရားသည် ကွၽန်တော့် ဘက်မှာရှိသည့်အတွက် Good Shot သုံးလုံးရရှိခဲ့ကာ ဒုတိယပွဲတွင် အနိုင်ရရှိ ခဲ့သည့်အတွက် အားရှိသွားပြီး အကျိတ်အနယ်ကစားရာ ၃-၂ ပွဲဖြင့် အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲတွင် ယမန်နှစ် တရုတ်ချန်ပီယံနှင့်ယှဉ်ပြိုင်ခဲ့ရာ မိမိအား မြန်မာနိုင်ငံမှဖြစ်သည့်အတွက် အထင်သေးကစားခဲ့၍ သုံးပွဲပြတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ရာ ဗိုလ်လုပွဲသို့ တက်ရောက်၍ တစ်ဖက်အုပ်စုမှ ဂွာတီမာလာနိုင်ငံသားနှင့် တွေ့ဆုံခဲ့ပြီး ဂွာတီမာလာနိုင်ငံမှ ကစားသမားကို အနိုင်ရရှိကာ ရွှေတံဆိပ်ဆုကို ထိုက်တန်စွာရရှိခဲ့ပြီး မြန်မာနိုင်ငံက ပထမ ၊ ဂွာတီမာလာနိုင်ငံက ဒုတိယနှင့် ထိုင်ဝမ်(တရုတ်)နိုင်ငံက တတိယဆုများ ရရှိခဲ့သည်။
ဆက်လက်၍ မျိုးဆက်သစ်လူငယ်တွေကိုပြောချင်တာက ကွၽမ်းကျင်မှု၊ ကြံ့ခိုင်ရေးနှင့်သက်လုံ အရေးကြီးပါကြောင်း၊ စားပွဲတင်တင်းနစ်အားကစားနည်းမှာ အသက်အရွယ်အားဖြင့် မဆိုင်ဘဲ ယှဉ်ပြိုင်ကစားလို့ ရပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဦးကျော်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် အလုပ်အမှုဆောင်များက ပထမရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်အမျိုးသား အားကစားသမား ကြည်မြင့်အား ဂုဏ်ပြုဆုတံဆိပ်မှတ်တမ်းလွှာအား ပေးအပ်ချီးမြႇင့်ခဲ့ကြောင်း သိရှိရသည်။


back to top Eng