skip to content

ညောင်ရွှေ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်အတွင်း Sport Tourism ဖော်ဆောင်မှုအဖြစ် Inle By Cycle တောင်တက် လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၆ နာရီခွဲက ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ စတင် တာလွှတ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာ ထွန်းလှိုင် က အမှာစကားပြောကြားသည်။ ထို့နောက် Inle By Cycle တောင်တက် လမ်းကြမ်း စက်ဘီး စီးနင်းပွဲကို အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

Inle By Cycle တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲတွင် ၁၅ ကီလိုမီတာနှင့် ၃၀ ကီလို မီတာ လမ်းကြောင်း နှစ်ကြောင်းသတ်မှတ်၍ ကျင်းပခဲ့ရာ ပြည်တွင်းစက်ဘီးစီး ဝါသနာရှင်များ နှင့် ပြည်ပခရီးသွား ဧည့်သည်များ စုစုပေါင်း ၉၈၀ ဦး ဝင်ရောက်စီးနင်း ခဲ့သည်။ Inle By Cycle တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို ၂၀၁၇ ခုနှစ်မှ စတင်၍ ရှမ်းပြည်နယ်အတွင်း အားကစားဖြင့် ခရီးသွား မြှင့်တင်ခြင်း Sport Tourism ဖော်ဆောင်မှုအဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေမျိုးသူရိန်

 


back to top Eng