skip to content

မန္တလေး၊ ဒီဇင်ဘာ ၂၆

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား ခုနှစ်ခရိုင် ကျောင်းပေါင်းစုံ အမျိုးသား အသက် ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ ရွှေမန်းတောင်အားကစားကွင်း၌ ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီကကျင်းပရာ တိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်သည် အစိုးရအဖွဲ့ အဖွဲ့အစည်း၀င်များ၊ ဧည့်သည်တော်များ၊ တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန အား/ကာသိပ္ပံတို့မှ ညွှန်ကြားရေးမှူးများ၊ YDPP ကော်မတီဥက္ကဌ ဒေါ်မေမြတ်နွယ်(သံလွင်မြန်မာ)တို့မှ ပြိုင်ပွဲ၀င် အားကစားအသင်းတို့အား လိုက်လံနှုတ်ဆက်အားပေးသည်။

ယင်းနောက် ခရိုင် ခုနစ်ခရိုင်မှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနှင့်နည်းပြဆရာများအား YDPP ကော်မတီ ဥက္ကဌ ဒေါ်မေမြတ်နွယ်က အမှတ်တရလက်ဆောင်ပေးအပ်သည်။

ထို့နောက် ပြိုင်ပွဲ၀င်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ဘင်ခရာအဖွဲ့က ဂုဏ်ပြု တီးခတ်ဖျော်ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များ၊ တက်ရောက်လာကြသူများသည် (က)အုပ်စုပတ်လည်မှ မိတ္ထီလာခရိုင်အသင်းနှင့် ရမည်းသင်းခရိုင်အသင်းတို့၏ပွဲဦးထွက်ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြ ကြောင်းနှင့် အဆိုပါပြိုင်ပွဲ (က)အုပ်စုတွင် ရမည်းသင်းခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် မိတ္ထီလာခရိုင်အသင်း၊ (ခ)အုပ်စုတွင် ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မန္တလေးခရိုင်နှင့် ညောင်ဦးခရိုင်အသင်းတို့ အုပ်စုပတ်လည် ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၃၁ ရက်အထိနှင့် ဗိုလ်လုပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ YDPP ကော်မတီမှ ခရိုင်ခုနစ်ခရိုင် ဘောလုံးအသင်းတို့အား ယာဉ်(ကြို/ပို့စရိတ်)၊ စားစရိတ်၊ အားကစား၀တ်စုံ၊ ခြေအိတ်၊ နွားနို့၊ ကြက်ဥ၊ Royal-D ဓာတ်ဆားအချိုရည်၊ ရေသန့် စသည်တို့ကို ထောက်ပံ့ပေးပြီး ဆုရအသင်းများအား ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Crd:ကြေးမုံသတင်းစာ


back to top Eng