skip to content
 
 
ရန်ကုန်၊ နို၀င်ဘာလ(၃)ရက်။
 
၂၀၁၈ခုနှစ်၊ သတ္တမအကြိမ်မြောက် အရှေ့တောင်အာရှတံခွန်စိုက်မြားပစ်ပြိုင်ပွဲ (7th South  East  Asian   Archery Championship -2018)ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ဂိတ်(၅)ရှိကျိုက္ကဆံမြားပစ်ကွင်း၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ ကမ္ဘာ့မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Sanguon Kosavinta  ၊ အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ်ဂုဏ်ထူးဆောင်ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါက်တာခင်ရွှေ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟ၊ အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ်အတွင်းရေးမှူး Maj.(Rtd) Baharuddin Jmil ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်၊ညွှန်ကြားရေးမှူးများ၊   မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မရှင် ဥက္ကဌ ဦးအောင်ဒင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)အား/ကာနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲ၀င်နိုင်ငံများမှ အသင်းအုပ်ချုပ်သူနည်းပြများနှင့်ကစားသမားများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြားပြီး ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌနှင့် အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Sanguon Kosavinta  ၊ အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ်ဂုဏ်ထူးဆောင် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ဂုဏ်ထူးဆောင် နာယက ဒေါက်တာခင်ရွှေတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
 
  
 
ဆက်လက်၍ ပြိုင်ပွဲ၀င်အသင်းများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန််တိုင်းဒေကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ ကမ္ဘာ့မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Sanguon Kosavinta  ၊ အရှေ့တောင် အာရှမြားပစ်အဖွဲ့ချုပ်ဂုဏ်ထူးဆောင်ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါက်တာခင်ရွှေ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟ၊ အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ်အတွင်းရေးမှူး Maj.(Rtd) Baharuddin တို့က ပြိုင်ပွဲ၀င်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲ၀င်အထိမ်းအမှတ် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး၊ ပြိုင်ပွဲ၀င်အသင်းများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားသည်။
 
ယင်းနောက် တင်းပုတ်အားကစားနည်း၊ မြန်မာ့သိုင်းအားကစားနည်းနှင့် မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့လိုက် သရုပ်ပြသ ကစားခဲ့ကြသည်။
 
အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား Recurveပြိုင်ပွဲတွင် (၆)မျိုး၊ Compoundပြိုင်ပွဲတွင်(၆)မျိုးကျင်းပမှာဖြစ်ရာ   မြန်မာ၊ ထိုင်း၊ လာအို၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ယင်းပြိုင်ပွဲကို နို၀င်ဘာ(၄)ရက်မှ (၇)ရက်အထိ အထက်ပါအားကစားကွင်းတွင်ကျင်းပမည်ဖြစ်ကာ မည်သူမဆိုအခမဲ့၀င်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရသည်။

back to top Eng